မြန်မာစစ်ကောင်စီနဲ့ တာလီဘန်အစိုးရ ကိုယ်စားလှယ်တွေကို လက်မခံရေး ကုလအတည်ပြု
ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ရဖို့ မြန်မာစစ်ကောင်စီနဲ့ အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်အစိုးရရဲ့ လျှောက်ထားချက်တွေနဲ့ ပတ်သက်လို့ ဆိုင်းငံ့ထားဖို့ ကုလသမဂ္ဂ ကိုယ်စားလှယ်စိစစ်ရေးကော်မတီ (Credential Committee) ရဲ့ ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံက ဒီဇင်ဘာ ၆ ရက်နေ့မှာ တစ်ညီတစ်ညွတ်တည်း အတည်ပြုလိုက်ပါတယ်။
- 2021-12-07
-
-
-
ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ရဖို့ မြန်မာစစ်ကောင်စီနဲ့ အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်အစိုးရရဲ့ လျှောက်ထားချက်တွေနဲ့ ပတ်သက်လို့ ဆိုင်းငံ့ထားဖို့ ကုလသမဂ္ဂ ကိုယ်စားလှယ်စိစစ်ရေး ကော်မတီ (Credential Committee) ရဲ့ ဆုံးဖြတ်ချက်ကို အထွေထွေညီလာခံက ဒီဇင်ဘာ ၆ ရက်နေ့မှာ တစ်ညီတစ်ညွတ်တည်း အတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီနဲ့ အာဖဂန်နစ္စတန်မှာ လက်ရှိအုပ်ချုပ်နေတဲ့ တာလီဘန် အစိုးရ တို့ဟာ အရင်အစိုးရတွေ ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်တွေကို ရာထူးကဖယ်ရှားပြီး၊ အစားထိုး ခန့်အပ်တဲ့ သံအမတ်တွေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်ရဖို့ လျှောက်ထားခဲ့ကြတာပါ။
ပြီးခဲ့တဲ့သီတင်းပတ်ကတော့ တရုတ်၊ ရုရှားနဲ့ အမေရိကန်အပါအဝင် ကိုးနိုင်ငံပါဝင်တဲ့ စိစစ်ရေးကော်မတီက စစ်ကောင်စီနဲ့ တာလီဘန်တို့ရဲ့ လျှောက်ထားချက်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်မပေးဘဲ ဆိုင်းငံထားဖို့ သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။