မြန်မာပြည်မြောက်ပိုင်းက စစ်ရေးအခြေအနေ ကုလစိုးရိမ်

မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အလုံးအရင်းနဲ့ ချီတက်နေရာ ယူနေကြတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အသက်ဆုံးရှုံးမှုတွေ ပေါ် ပေါက်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် Tom Andrews က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စနေနေ့က သတိပေးပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အလုံးအရင်းနဲ့ ချီတက်နေရာယူနေကြတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အသက်ဆုံးရှုံးမှုတွေ ပေါ်ပေါက်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ကုလသမဂ္ဂအထွေထွေညီလာခံမှာ စနေနေ့က သတိပေးပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ မြောက်ဘက်နဲ့ အနောက်မြောက်ဘက်ကို အလုံးအရင်းနဲ့ ချီတက်နေကြကြောင်း၊ အခုလိုစစ်ရေးဗျူဟာတွေဟာ ၂၀၁၆- ၂၀၁၇ ခုနှစ်တွေအတွင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးတိုက်ခိုက်မှုတွေ မလုပ်ခင် မြန်မာစစ်တပ်ရဲ့ စစ်ရေးဗျူဟာအခင်းအကျင်းကို သတိရစရာ ဖြစ်ကြောင်း၊ အားလုံး ပြင်ဆင်ထားဖို့လိုကြောင်းလည်း ပြောပါတယ်။

ဒါ့ပြင် မြန်မာစစ်ကောင်စီတပ်တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားအဖြစ်ကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေကို နှစ်လည်အစီရင်ခံစာအဖြစ် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် လက်နက်ပိတ်ဆို့အရေးယူတာ၊ ဘဏ္ဍာရေးဆိုင်ရာ ဖိအားပေးတာတွေ ဆက်လက်ဆောင်ရွက်ကြဖို့လည်း ထပ်မံတိုက်တွန်းလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org