မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ အာဆီယံကို ကုလကိုယ်စားလှယ်တိုက်တွန်း

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်ကို သွားရောက်ခဲ့ပြီးနောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွင်းက အကျပ်အတည်းတွေ ပိုပြီးတိုးမလာအောင် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းနေတာတွေကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကို ၂ဝ၁၃ ခုနှစ်က တွေ့ရစဉ်။ Photo: Un Web TV

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်ကို သွားရောက်ခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွင်းက အကျပ်အတည်းတွေ ပိုပြီး တိုးမလာအောင် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းနေတာတွေကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့လည်း online ကတဆင့် မြန်မာနိုင်ငံအရေးကို ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှုအကူအညီတွေ ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ အာဆီယံ ဘုံသဘော တူညီချက် ၅ ရပ် အကောင်အထည်ဖော်ရာမှာ တိုးတက်မှုတွေ ရလာစေဖို့ တိုက်တွန်းခဲ့တယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က တနေ့တခြား ပိုပြီးဆိုးဝါးလာနေတဲ့ မြန်မာနိုင်ငံ အခြေအနေကို အထူးစိုးရိမ်မိကြောင်းနဲ့ မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ရာမှာ ပဋိပက္ခအတွင်း ပါဝင်သူအားလုံးရဲ့ အသံတွေကို နားထောင်ရမှာဖြစ်ပြီး၊ အားလုံးနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကြေညာချက်မှာ အလေးအနက်တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org