ကုလ အထူးကိုယ်စားလှယ်သစ် နောက်လ မြန်မာပြည်လာမည်
ကုလသမဂ္ဂ အတွင်းအရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်ဖြစ်သူ ဆွစ်ဇာလန် နိုင်ငံသံအမတ်ကြီးဟောင်း Ms. Christine Burgener ဟာ ဇွန်လထဲမှာ မြန်မာနိုင်ငံကို ခရီးလာ ရောက်ဖို့ရှိကြောင်း ကုလသမဂ္ဂ သတင်းရပ်ကွက်တွေကို ကိုးကားပြီး AFP သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
-
2018-05-24 -
-
-
ကုလသမဂ္ဂ အတွင်းအရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်ဖြစ်သူ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးဟောင်း Ms. Christine Burgener ဟာ ဇွန်လထဲမှာ မြန်မာနိုင်ငံကို ခရီးလာရောက်ဖို့ရှိကြောင်း ကုလသမဂ္ဂ သတင်းရပ်ကွက်တွေကို ကိုးကားပြီး AFP သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
မစ္စ ဘာဂျင်နာဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့လက ခန့်အပ်ခဲ့တာဖြစ်ပြီး ဒီရာထူး တာဝန် မယူခင် ဂျာမနီဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ မစ္စဘာဂျင်နာဟာ ၂ဝဝ၉ ကနေ ၂ဝ၁၅ အထိ ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီးအဖြစ် တာဝန်ယူဖူးပြီး ပြီးခဲ့တဲ့ ဧပြီလက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က မြန်မာနိုင်ငံနဲ့ သဘောတူညီမှုရရှိပြီး ခန့်အပ်ခဲ့ တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်ခဲ့တဲ့ လူ့အခွင့်ရေး စုံစမ်းရေး မစ်ရှင်အဖွဲ့ကို ပြည်ဝင်ခွင့် မပြုခဲ့သလို လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီကိုလည်း ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။
မစ္စဘာဂျင်နာဟာ အင်္ဂါနေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာကိစ္စကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အလားတူ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံမတ်ကြီးနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဘ၈ၤလားဒေ့ရှ်နိုင်ငံခြားရေးဌာနက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။