မုန်တိုင်းသင့်ပြည်သူတွေကို အကူအညီပေးရေးလမ်းဖွင့်ပေးဖို့ စစ်ကောင်စီကို ကုလတောင်းဆို

မြန်မာနိုင်ငံက မိုခါဆိုင်ကလုန်း မုန်တိုင်းသင့်ဒေသတွေကို အကူအညီတွေ သေသေချာချာရောက်ရှိစေဖို့အတွက် ကူညီပေးရေးလမ်းကြောင်းတွေကို ဖွင့်ပေးဖို့ ကုလသမဂ္ဂက မေလ ၂၄ ရက်နေ့က စစ်ကောင်စီကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။

မြန်မာနိုင်ငံက မိုခါဆိုင်ကလုန်း မုန်တိုင်းသင့်ဒေသတွေကို အကူအညီတွေ သေသေချာချာ ရောက်ရှိစေဖို့အတွက် ကူညီပေးရေးလမ်းကြောင်းတွေကို ဖွင့်ပေးဖို့ ကုလသမဂ္ဂက မေလ ၂၄ ရက်နေ့က စစ်ကောင်စီကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

မုန်တိုင်းသင့်ဒေသတွေရဲ့ အကူအညီလိုအပ်ချက် အကဲဖြတ်မှုတွေ ဆက်လက် လုပ်ဆောင်နိုင်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီက ခွင့်ပြုဖို့ ကုလ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Turk က တိုက်တွန်းလိုက်တာပါ။

စစ်ကောင်စီအနေနဲ့ မုန်တိုင်းသင့်နေရာတွေဆီ သွားလာခွင့်တွေကို တားမြစ်ပိတ်ဆို့ ထားတာ ရုပ်သိမ်းပေးဖို့၊ လိုအပ်ချက်တွေကို အကဲဖြတ်ခွင့်ပြုဖို့နဲ့ အကူအညီ အထောက်အပံ့တွေ အမှန်တကယ်ရောက်ရှိဖို့ အလွန်အရေးကြီးပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက ပြောပါတယ်။

မိုခါဆိုင်ကလုံးမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကို ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခတ်သွားခဲ့တာပါ။ ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေမှာနေထိုင်နေတဲ့ ရိုဟင်ဂျာတွေ အများဆုံး သေဆုံးထိခိုက်ခဲ့ပြီး ဒါဟာ လူ့အခွင့်အရေးကို မျက်ကွယ်ပြုထားတာနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့လည်း ကုလလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ Volker Turk က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org