လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်တဲ့ သူတွေဆီ ရောက်ဖို့လိုအပ်
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေတဲ့သူတွေဆီ အကူအညီတွေရောက်ဖို့ လိုအပ်နေတယ်လို့ လူသားချင်း စာနာမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်ညှိနှိူင်းရေး မှူး Kyung Wha Kang က မနေ့က ပြောကြားလိုက်ပါတယ်။
-
2014-06-15 -
-
-
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေတဲ့ သူတွေဆီ အကူအညီတွေရောက်ဖို့ လိုအပ်နေတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်ညှိနှိူင်းရေးမှူး Kyung-wha Kang က မနေ့က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ ဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း တိုးတက်လာပေမဲ့ တချို့ဒေသတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေက ပိုဆိုးဝါးလာတယ်လို့လည်း Ms. Kang ကပြောပါတယ်။
အဲဒီဒေသတွေမှာ လူတွေက အကြီးအကျယ်လိုအပ်နေပေမဲ့ အကူအညီတွေရောက်လာဖို့က စိန်ခေါ်မှုတွေ ဆက်လက်ရှိနေတယ်လို့ဆိုပါတယ်။ အသိုင်းအဝိုင်းချင်း ပဋိပက္ခကြောင့် ပြည်တွင်းနေရပ်ရွှေ့ပြောင်းသူတွေ ခိုလှုံနေ ရတဲ့ ရခိုင်ပြည်နယ်က စခန်းတွေဆီ Ms. Kang ဟာ နယ်စပ်ရေးရာ ဒုတိယဝန်ကြီးနဲ့ သွားရောက်ခဲ့ပါတယ်။
စစ်တွေမြို့မှာရှိတဲ့ ကုလသမဂ္ဂနဲ့ NGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အဆောက်အဦးတွေ မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်က တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်းမှာ လူသားချင်းစာနာမှု အကူအညီတွေ ပြန်စတင်တာနဲ့ အရှိန်မြှင့်ဆောင်ရွက်ချက် တိုးတက်မှုတွေကို အကဲဖြတ်ဖို့ သူဟာ ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ အသိုင်းအဝိုင်းခေါင်ဆောင်တွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။