ငြိမ်းချမ်းရေးတပ် အတွက် မြန်မာကို ဖိတ်ခေါ်မှုနဲ့ ကုလအဝေဖန်ခံရ
ကုလသမဂ္ဂက မြန်မာစစ်တပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင် ဖို့ ဖိတ်ခေါ်ခဲ့တဲ့အပေါ် နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့ က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
-
2014-03-14 -
-
-
ကုလသမဂ္ဂက မြန်မာစစ်တပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တဲ့အပေါ် နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
ကမ္ဘာမှာ နာမည်ဆိုးနဲ့ အကျော်ကြားဆုံးဖြစ် တဲ့ မြန်မာစစ်တပ်က ငြိမ်းချမ်းရေးတပ်မှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တာဟာ ကုလသမဂ္ဂရဲ့ ဂုဏ်သရေကို ညှိုးနွမ်းစေမှာဖြစ်ကြောင်း HRW က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဆီ ပေးပို့တဲ့စာ မှာ ဖေါ်ပြထားပါတယ်။
နေပြည်တော်မှာကျင်းပ ခဲ့ တဲ့ ၁၁ ကြိမ်မြောက် အာဆီယံကာကွယ်ရေး ဦးစီးချုပ်များ စည်းဝေးပွဲပြီး သတင်းစာရှင်းလင်းပွဲ မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂ဝ၁၁ ခုနှစ်ကတည်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံခဲ့ရပေမဲ့ မြန်မာ့တပ်မတော် အနေနဲ့ အဆင်သင့် မဖြစ်သေးတဲ့အတွက် အခုထိ မပါဝင်နိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။
HRW ညွှန်ကြားရေးမှူး Kenneth Roth က မြန်မာစစ်တပ်ရဲ့ ညံ့ဖျင်းဆိုးရွားလှတဲ့ လူ့အခွင့်အရေးနဲ့ အရပ်ဘက် ကာကွယ်စောင့်ရှောက်မှု မှတ်တမ်းတွေဟာ ကုလသမဂ္ဂရဲ့ စံချိန်စံညွှန်းတွေနဲ့ ဖီလာဆန့်ကျင် ဖြစ်နေပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ မြန်မာတပ်ဖွဲ့တွေကို ခေါ်ယူစုဆောင်းတဲ့ လုပ်ရပ်မှန်သမျှဟာ အဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာ အကြီးအကျယ် ထိခိုက်ကျဆင်းဖို့သာ ဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။
ကုလသမဂ္ဂရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephabe Dujarric က မြန်မာကို ဖိတ်ခေါ်တာဟာ တခြားအဖွဲ့ဝင်နိုင်ငံတွေလိုပဲ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်မှာ ပါဝင်လိုတဲ့ဆန္ဒ ရှိ မရှိ မေးမြန်းတာဖြစ်ကြောင်း၊ ကုလသမဂ္ဂတပ်ဖွဲ့တွေဟာ လေ့ကျင့်မှုနဲ့ ကျင့်ဝတ်အရာမှာ အဆင့်အမြင့်ဆုံးအဖြစ် တာဝန်ခံရတာကြောင့်၊ ဘယ်နိုင်ငံက တပ်သားမဆို၊ လက်မခံခင်မှာ ဂရုတစိုက် စိစစ်စစ်ဆေးရကြောင်း ပြောဆိုပါတယ်။