ကုလဒုအရေးပေါ် ကယ် ဆယ်ညှိနှိုင်းရေး မှူး ပေါက်တောလေ့လာ
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေ တဲ့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး ချုပ်နဲ့ ဒုတိယ အရေးပေါ် ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး Ms. Kyung-Wha Kang ဟာ ဒီကနေ့မှာ ပေါက်တောမြို့နယ်က ကြိမ်နီပြင်၊ ဆင်တက်မော်စတဲ့ မွတ်စလင်ဒုက္ခသည် စခန်းတွေအပြင် စစ်တွေမြို့နယ်က သက္ကယ်ပြင် ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။
-
2014-06-12 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဒုတိယအရေးပေါ် ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး Ms. Kyung-Wha Kang ဟာ ဒီကနေ့မှာ ပေါက်တောမြို့နယ်က ကြိမ်နီပြင်၊ ဆင်တက်မော်စတဲ့ မွတ်စလင်ဒုက္ခသည် စခန်းတွေ အပြင် စစ်တွေမြို့နယ်က သက္ကယ်ပြင် ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။
Ms. Kyung-Wha Kang နဲ့ တွေ့ဆုံခဲ့တဲ့ စစ်တွေမြို့က အမည်မဖေါ်လိုတဲ့ မွတ်စလင် ရပ်မိရပ်ဖတစ်ဦးက အခုလိုပြောပါတယ်။
"ရပ်မိရပ်ဖတွေက အခက်အခဲတွေ တင်ပြတယ်၊ စားရေးသောက်ရေး ပညာရေးတွေ တင်ပြတယ်၊ တင်ပြတော့ ဒီ UN အဖွဲ့တွေက တစ်ရက်မဟုတ်တစ်ရက် အဆင်ပြေအောင်တော့ လုပ်မယ့်ပုံစံပြောတာပဲ"
Ms. Kyung-Wha Kang ဟာ မနေ့က စစ်တွေမြို့နယ်က ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်းတွေကိုသွားခဲ့တဲ့ အပြင် အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ဒီကနေ့ ညနေမှာ ရခိုင် ရပ်မိရပ်ဖတွေနဲ့လည်း သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Ms. Kyung-Wha Kang ဟာ ဇွန်လ ၁၄ ရက်နေ့အထိ ကချင်ပြည်နယ်က စစ်ဘေးကနေ နေအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို သွားရောက်လေ့လာမယ်လို့လည်း သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာကိုလည်း နားဆင်ပါတယ်။