မြန်မာကို အရေးယူကိုင်တွယ်နိုင်မယ့် အဖွဲ့သစ်ဖွဲ့ပေးဖို့ ကုလ လူ့အခွင့်အရေးမဟာမင်းကြီး ပြောကြား

မြန်မာနိုင်ငံအရေးမှာ အချက်အလက် အထောက်အထားတွေ စုဆောင်းကောက်ယူ ထိန်းသိမ်းဖို့၊ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် တရားမျှတမှုရှိရှိ အရေးယူကိုင်တွယ်နိုင်မယ့် နိုင်ငံတကာ အဖွဲ့သစ်တဖွဲ့ ထူထောင်ဖွဲ့စည်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲ ဘာချလေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

၂ဝ၁၈ စက်တင်ဘာလ ၁ဝ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင်လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး မစ်ရှဲဘာချလေး (Michelle Bachelet) ကို တွေ့ရစဉ်။ Photo: Coffrini/AFP

မြန်မာနိုင်ငံအရေးမှာ အချက်အလက် အထောက်အထားတွေ စုဆောင်းကောက်ယူ ထိန်းသိမ်းဖို့၊  ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် တရားမျှတမှုရှိရှိ  အရေးယူကိုင်တွယ်နိုင်မယ့်  နိုင်ငံတကာ အဖွဲ့သစ်တဖွဲ့ ထူထောင်ဖွဲ့စည်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲ ဘာချလေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။ 

အဲဒီလို ဖော်ထုတ်နိုင်ဖို့အတွက် အစီအစဉ်သစ်တစ်ခု ချမှတ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြသွားစေလိုတယ်လို့လည်း မစ်ရှဲ ဘာချလေက ဆိုပါတယ်။


ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိပ်တန်းအရာရှိကြီး ၅ ဦးကို အရေးယူဖို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့က မကြာသေးခင်က တင်ပြခဲ့ပါတယ်။

 

မြန်မာ အာဏာပိုင်တွေကတော့… ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဆိုတာမျိုး လုံးဝမဟုတ်ဘဲ အာဆာအကြမ်းဖက်သမားတွေက တိုက်ခိုက်လာလို့ တုန့်ပြန် ရှင်းလင်းခဲ့တာသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org