မစ္စတာ ကင်တားနား မဲဆောက်အခြေစိုက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိလာ တဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintanaကင်တားနားဟာ မဲဆောက်မြို့အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ မြန်မာတိုင်းရင်းသား အဖွဲ့အစည်း ၆ ခုနဲ့ ဒီနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို သြဂုတ်လ ၂၂ ရက်နေ့ က ရောက်ရှိလာသော မစ္စတာ ကင်တားနားကိုတွေ့ရစဉ် photo: RFA/ Moe Kyaw

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintanaကင်တားနားဟာ မဲဆောက်မြို့အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားနေ တဲ့ မြန်မာတိုင်းရင်းသားအဖွဲ့အစည်း ၆ ခုနဲ့ ဒီနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ ကင်တားနားဟာ ဒီနေ့မနက်ပိုင်းမှာ KHRCKWOAAPPTBBC၊ ဘားမားပါတနာရှစ်နဲ့ မယ်တော်ဆေးခန်းစတဲ့ အဖွဲ့ ၆ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ မဲဆောက်မြို့ Queen Place ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တာန်နဲ့ ၁ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ စိုးရိမ်ထိတ်လန့်စရာတွေကြား ခက်ခက်ခဲခဲနဲ့ ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ရတယ်လို့ သူ့အတွေ့အကြုံကို မစ္စတာ ကင်တားနားက အခုလိုပြောပါတယ်။

"မိတ္ထီလာခရီးစဉ်မှာ ကျနော့်ကားကို လူ ဝဝလာက်ိုင်းထားတယ်၊ အဲဒီအချိန်မှာ ရဲတွေကလည်း အနီးအနားမှာ ရပ်ကြည့်နေခဲ့ကြပါတယ်၊ ကျနော်လည်း  စိုးရိမ်ထိတ်လန့်ခဲ့ရပါတယ်"

မစ္စတာ ကင်တားနားနဲ့ ဒီကနေ့ တွေ့ဆုံဆွေးနွေးရာမှာ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုအပါအင် ကရင်ပြည်နယ်က အခြေအနေတွေကို အဖွဲ့အစည်းတွေဘက်က အဓိကတင်ပြခဲ့တယ်လို့ မယ်တော်ဆေးခန်းရဲ့ ပညာရေးဌာန ကိုယ်စားလှယ် ဦးနိုင်နိုင်ထွန်းက ပြောပါတယ်။

ဒါ့အပြင်နယ်စပ်ဒေသ ကျန်းမာရေး၊ ပညာရေး အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အကူအညီတွေ လျော့နည်းလာတဲ့အောက်မှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးန်ဆောင်နိုင်မှု အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ ကင်တားနားကလည်း အခုခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံတင်ပြမယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org