မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖွယ်ရှိ

ဟေတီနိုင်ငံနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက် မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖို့ရှိတယ်လို့ မျှော်မှန်းရကြောင်း ရေးထားပါတယ်။

၂ဝ၂၂ ခုနှစ်အတွင်းက တွေ့မြင်ရသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမြင်ကွင်းတစ်ခု။ Photo: AFP

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ဇူလိုင် ၃ ရက်မှာ ဆွေးနွေးဖွယ်ရှိတယ်လို့ Security Council Report က ဇူလိုင် ၂ ရက်နေ့မှာ ဖော်ပြပါတယ်။

ဟေတီနိုင်ငံနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက် မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖို့ရှိတယ်လို့ မျှော်မှန်းရကြောင်း ရေးထားပါတယ်။

ဇွန် ၂၂ ရက်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့ ရိက္ခာသိုလှောင်ရုံ လုယက် မီးရှို့ဖျက်ဆီးခံရပြီးတဲ့နောက် တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က အစည်းအဝေးကျင်းပဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Joyce Msuya က အစီရင်ခံမယ်လို့ သတင်းလွှာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org