လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမည်

RFA Burmese
2024.02.04
လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က ကျင်းပသည့် ဂါဇာအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးပွဲမြင်ကွင်း။
Photo: Reuters

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တံခါးပိတ်ဆွေးနွေးဖို့ ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဒေသစံတော်ချိန် မနက် ၁ဝ နာရီ ဆွေးနွေးကြမှာပါ။

ဒီဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံက ကမကထလုပ်တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ အာဆီယံက အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် အာလွန်ကယ်ကစ်တစ်ခွန်လည်း တက်ရောက်ဖို့ရှိနေတယ်လို့ RFA က စုံစမ်းသိရပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီး (Linda Thomas-Greenfield) ကလည်း လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ပိုပြင်းထန်တဲ့ အရေးယူဆုံးဖြတ်ချက်တွေချမှတ်ဖို့ စစ်အာဏာသိမ်း သုံးနှစ်ပြည့်တဲ့နေ့မှာပဲ ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ တံခါးပိတ်အစည်းအဝေးကျင်းပမယ့် တစ်ချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်လည်း နယူးယောက်မြို့ကို ရောက်နေပါတယ်။

နိုင်ငံတကာကနေ စစ်ကောင်စီအပေါ် ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ဖို့လည်း ဝန်ကြီးဒေါ်ဇင်မာအောင်က ဖေဖော်ဝါရီလ ၃ ရက်က ဆန္ဒပြပွဲကနေ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ဦးမောင်မောင်
2024-02-04 19:59

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆိုတာ ဘာမှ မစွမ်းဆောင်နိုင်တော့ တဲ့ အဖွဲ့ ဖြစ်လာနေတဲ့ သရုပ်သကန်တွေ အများကြီးပါ။ မြန်မာနိုင်ငံ ရဲ့ လက်ရှိအနေ အထား အရ
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ရော အီးယူ ရော အာစီယံ ရော ဘယ်သူမှ ထိရောက်စွာ ဟန့်တားနိုင်ခြင်းလဲ မရှိသေးပါဘူး။ တကယ်တန်း လုပ်ရမှာက ပြည်တွင်းထဲမှာ
ရှိနေကြတဲ့ တော်လှန်ရေးလုပ်နေတဲ့အဖွဲ့တွေအားလုံးစုပေါင်းညီညာစွာနဲ့ တွန်းလှန်လိုက်ယင် အာဏာရှင်စစ်တပ်ကြီးက ဗုန်းဗုန်းလဲကျသွားမှာပါပဲ။ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တော်လှန်ရေးအဖွဲ့တွေ တစည်းတလုံးတည်းနဲ့ဘုံရန်သူကိုအမြစ်ဖြတ်ဖို့ လိုအပ်ပါပြီ။ မြန်မာ‌့အရေးဆိုတာ မြန်မာနိုင်ငံအတွင်းထဲက
လူတွေကပဲဖြေရှင်းဖောက်ထွက်တာဟာအဖြေတခုပါပဲ။ နိုင်ငံတကာ တွေ ပညာရှင်တွေဆိုတာ ကလဲ အောက်ခြေကိုထဲထဲဝင်ဝင်မသိဘဲ သူတို့ရရှိတဲ့ အခြေခံအချက်အလက် ‌တွေ ကို ကိုးကား ပြီး ဝေဖန်ထောက်ပြနေကြတာလို့ မြင်ပါတယ်။