မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းနည်းကို ပြန်သုံးသပ်ဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာအပေါ် သူတို့ ကိုင်တွယ်ဖြေရှင်းနည်းကို ပြန်စဉ်းစားရလိမ့်မယ်လို့ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်သည့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း တွေ့ရသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ် အင်ဒရူး။ Fabrice COFFRINI / AFP

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းအပေါ် သူတို့ရဲ့ ကိုင်တွယ် ဖြေရှင်းနည်းကို ပြန်လည်စဉ်းစားရလိမ့်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tom Andrews က ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မှာရောက်ရှိနေစဉ် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ သဘောတူ ထားတဲ့ အာဆီယံရဲ့ ငြိမ်းချမ်းရေး ဘုံသေဘာတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာမှာလည်း တိုးတက်မှု မရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။

အာဆီယံအစီအစဉ်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပစ်ဖို့၊ ဘေးကင်း လုံခြုံတဲ့ လူသားချင်း စာနာမှုဆိုင်ရာတွေ ဝင်ခွင့်ရဖို့၊ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့ အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ဆောင်ဖို့တွေ ပါဝင်ပေမယ့် မြန်မာ စစ်ကောင်စီက ဒါတွေကို အကောင်အထည်ဖော်ဖို့ ဆန္ဒမရှိတာတွေ့ရတယ်လို့ သူက ပြောပါတယ်။

အာဆီယံအနေနဲ့ အဆင့်မြင့် သံတမန်အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီကို မဖိတ်ဘဲ ဖယ်ထုတ်ထား ရလိမ့်မှာဖြစ်ကြောင်း၊ စစ်ကောင်စီ အာဏာသိမ်းမှု တရားဝင် ဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိနေတဲ့အတွက်ကြောင့် ဖြစ်ကြောင်း Tom Andrews က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org