ကုလ အဖွဲ့တွေ ရခိုင်ပြည်နယ်မှာ လုပ်ငန်းစတင်ပြီ

ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ဆူပူပဋိပက္ခတွေနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ပညာရှင်တွေ ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို မနေ့က သွားရောက်ပြီး ထွက်ပြေး သွားသူတွေ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။

မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တချို့ကို မောင်တောမြို့နယ် လှဖိုးခေါင် ဒုက္ခသည်ပြန်လည်လက်ခံရေးစခန်းအနီးမှာ ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က တွေ့ရစဉ် Photo: Phyo Hein Kyaw / AFP

ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ဆူပူပဋိပက္ခတွေနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ပညာရှင်တွေ ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို မနေ့က သွားရောက်ပြီး ထွက်ပြေးသွားသူတွေ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာ မြန်မာအစိုးရနဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးနောက် သွားရောက်ခွင့်ကို စောင့်ဆိုင်းနေခဲ့ ရာကနေ သောကြာနေ့မှာ ခွင့်ပြုချက်ရရှိခဲ့တဲ့အတွက် ပထမဆုံး လေ့လာဆန်းစစ်မှုတွေကို မနေ့က စတင်ခဲ့ပါ တယ်လို့ ကုလ အရာရှိတစ်ဦးက ပြောပါတယ်။

ကုလသမဂ္ဂ အဖွဲ့တွေဟာ ဒေသမှာ ၂ ပတ်ကြာနေထိုင်စဉ်အတွင်း ကျေးရွာ ၂၃ ရွာကို သွားရောက်ကာ ပထမဆုံး ဦးစားပေး လုပ်ငန်းအဖြစ် ဒေသခံအသိုင်းအဝန်းရဲ့ ယုံကြည်မှုကို တည်ဆောက်ကြမယ်လို့ ဆိုပါတယ်။ ရခိုင်ပြည် နယ် ဒေသခံ အများအပြားက အဲဒီ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေဟာ မွတ်စလင်တွေကို ဦးစားပေးဘက်လိုက် ကူညီတယ်လို့  ပြောဆိုခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org