ကုလ လက်ထောက်အထွေထွေအတွင်းရေးမှူး လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေ လေ့လာမည်

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာဟာ ဒီကနေ့ ညပိုင်းလောက်မှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller မောင်တောကို ၂၀၁၈ ခုနှစ် ဧပြီလ ၅ ရက်နေ့က သွားရောက်ခဲ့စဉ်

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေး ဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာဟာ ဒီကနေ့ ညပိုင်းလောက်မှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခအခြေအနေတွေကို မေလ ၁၄ ရက်နေ့အထိ တစ်ပတ်ကြာ လေ့လာမှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ခွင့်တောင်းထားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး က ပြောပါတယ်။

ရန်ကုန်၊ နေပြည်တော်တို့မှာ အစိုးရထိပ်တန်းအရာရှိတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ မစ္စအာရ်ဆူလာမြူလာ တွေ့ဆုံဖို့ရှိသလို ရခိုင်နဲ့ကချင်ပြည်နယ်က ရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်စခန်းတွေ ဆီလည်း သွားရောက်မှာဖြစ်တယ်လို့ ရန်ကုန်မြို့အခြေစိုက် UN ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မစ္စအာဆူလာမြူလာဟာ ၂၀၁၈ ခုနှစ် ဧပြီလက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်ခဲ့ပြီး ရခိုင် ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေဆီ သွားရောက်ခဲ့သလို ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေဆီကိုလည်း သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org