ကုလအရာရှိ ရခိုင်စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံခွင့်မရ

ရခိုင်ပြည်နယ်ကို မနေ့ကရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူးနဲ့ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးဖြစ်သူ အာရ်ဆူလာမြူလာ ဟာ စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ မြန်မာအစိုးရကို တင်ပြခဲ့ပေမယ့် လုံခြုံရေးအခြေအနေကို အကြောင်းပြတာကြောင့် သွားရောက်ခွင့်မရခဲ့ဘူးလို့ UNOCHA က ဒီနေ့ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူး အာရ်ဆူလာမြူလာ ကို ၂ဝ၁၉ ခုနှစ် မေလ ၁၃ ရက်နေ့က စစ်တွေမြို့မှာ တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်ကို မနေ့ကရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူးနဲ့ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးဖြစ်သူ အာရ်ဆူလာမြူလာ ဟာ စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ မြန်မာအစိုးရကို တင်ပြခဲ့ပေမယ့် လုံခြုံရေးအခြေအနေကို အကြောင်းပြတာကြောင့် သွားရောက်ခွင့်မရခဲ့ဘူးလို့ UNOCHA က ဒီနေ့ပြောလိုက်ပါတယ်။

ဒီနေ့ စစ်တွေမြို့မှာ အာရ်ဆူလာမြူလာရဲ့ခရီးစဉ်အတွင်း သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။

အာရ်ဆူလာမြူလာ ဟာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံချင်ခဲ့ပေမယ့် ပြည်ထောင်စုအစိုးရက ခွင့်မပြုတာကြောင့် စစ်ဘေးဒုက္ခသည်စခန်းကို မသွားရောက်နိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

အာရ်ဆူလာမြူလာဟာ မနေ့က စစ်တွေမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ ဒီနေ့မှာ ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့သလို ဒါးပိုင်ကယ်ဆယ်ရေးစခန်းမှာလည်း မွတ်စလင်ဒုက္ခသည်တွေနဲ့ သီးသန့်တွေ့ဆုံပြီး အခြေအနေတွေကို မေးမြန်းလေ့လာခဲ့ပါတယ်။

မနက်ဖြန်မှာတော့ နေပြည်တော်မှာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org