ရွေးကောက်ပွဲ ကာလ မြန်မာနိုင်ငံကို ခရီးမသွားဖို့ ကုလသမဂ္ဂ သတိပေးညွှန်ကြား

ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံ ကို ခရီးမသွားကြဖို့ ကုလသမဂ္ဂက သူ့ရဲ့ဝန်ထမ်းတွေကို သတိပေးတားမြစ်လိုက်ကြောင်း သိရပါတယ်။

ရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံကို ခရီးမသွားကြဖို့ ကုလသမဂ္ဂက သူ့ရဲ့ဝန်ထမ်းတွေကို သတိပေးတားမြစ် လိုက်ကြောင်း သိရပါတယ်။

နိုင်ငံအပြောင်းအလဲအတွက် ရွေးကောက်ပွဲကာလဟာ အလွန်အရေးကြီးပြီး အထူးသတိထားရမယ့်ကာလ လည်း ဖြစ်တာကြောင့် ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ကုလသမဂ္ဂ ဘေးကင်းလုံခြုံရေးဆိုင်ရာဌာန (UNDSS) က အခုလို ထုတ်ပြန် လိုက်တာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။

"UN အနေနဲ့က ဒီရွေးကောက်ပွဲကာလဆိုတာ အင်မတန်မှ သိမ်မွေ့တဲ့ကာလဖြစ်တယ်လေ၊ အဲဒီ့ကာလမှာ ကြိုတင်ကာကွယ်ရေးအနေနဲ့ ဒီဝန်ထမ်းတွေကို ကျနော်တို့က ဒါလုပ်ရိုးလုပ်စဉ်အတိုင်းပါပဲခင်ဗျ၊ ဒါပုံမှန် လုံခြုံရေးသတိရှိဖို့ အကြောင်းကြားတာပါပဲ"

ကုလသမဂ္ဂဝန်ထမ်းတွေအနေနဲ့ ရွေးကောက်ပွဲမကျင်းပမီ ၂ ရက်အလိုနဲ့ ကျင်းပပြီး သီတင်း ၂ ပတ်အကြာ အထိ မြန်မာနိုင်ငံကို မသွားကြဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

လောလောဆယ်နိုင်ငံတွင်းမှာ မြန်မာဝန်ထမ်းတွေ အပါအဝင် ကုလသမဂ္ဂဝန်ထမ်း စုစုပေါင်း ၂၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org