အပစ်ရပ်ကာလတိုးမြှင့်တဲ့အပေါ် ကုလကြိုဆို

ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးဖို့ အပစ်အခတ်ရပ်စဲမှုကို နောက်ထပ် နှစ်လတိုးမြှင့်ကြောင်း မြန်မာ့တပ်မတော်က ကြေညာခဲ့တဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး (ယာယီ) Mr. Knut Ostby က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး (ယာယီ) Mr. Knut Ostby။ Photo: Knut Ostby / Twitter

ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးဖို့ အပစ်အခတ်ရပ်စဲမှုကို နောက်ထပ် နှစ်လတိုးမြှင့်ကြောင်း မြန်မာ့တပ်မတော်က ကြေညာခဲ့တဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး (ယာယီ) Mr. Knut Ostby က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

အခုတိုးမြှင့်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုခိုင်မာစေမယ်လို့ မျှော်လင့်ကြောင်းလည်း Mr. Knut Ostby က ပြောပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ အရပ်သားတွေကို အကာအကွယ်ပေးကြဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA, TNLA နဲ့ MNDAA တို့ရဲ့ တောင်းဆိုချက်အရ အပစ်အခတ်ရပ်စဲမှုကို ဇွန်လ ၃ဝ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၃ဝ ရက်နေ့က ကြေညာခဲ့တာပါ။

မူလက မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းနဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို ၂ဝ၁၈  ဒီဇင်ဘာ ၂၁ ကနေ ၂ဝ၁၉ ဧပြီလ ၃ဝ ရက်နေ့ အထိ ရပ်ဆိုင်းကြောင်း ကြေညာထားရာကနေ နောက်ထပ်နှစ်လ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

အခုကြေညာချက်မှာ မူလကြေညာချက်လိုပဲ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနဲ့ AA ရခိုင့်တပ်တော်ရဲ့ အမည်တွေ ပါဝင်တာ မတွေ့ရပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org