မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ကုလညီလာခံ တတိယကော်မတီမှာ တင်ပြ

ရခိုင်အရေး အပါအဝင် လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး Ms. Yanghee Leeနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့ FFM ဥက္ကဋ္ဌ Marzuki Darusman တို့က မနေ့ကကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ တင်ပြခဲ့ကြပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး Ms. Yanghee Lee ကို တွေ့ရစဉ် Photo: AP

ရခိုင်အရေး အပါအဝင် လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး Ms. Yanghee Leeနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့ FFM ဥက္ကဋ္ဌ Marzuki Darusman တို့က မနေ့ကကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ တင်ပြခဲ့ကြပါတယ်။

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး Ms. Yanghee Lee ရဲ့ တင်ပြချက်မှာဆိုရင် ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွေ ကြီးကြီးမားမား ဆက်ရှိနေဆဲဖြစ်သလို မြန်မာအစိုးရကလည်း စစ်တပ်ကိုထိန်းချုပ်နိုင်စွမ်းမရှိဘူးဆိုပြီး အမြဲဆင်ခြေတွေ ပေးနေတယ်လို့ ပြောထားပါတယ်။

ဒါကြောင့် ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာကို ICC ချက်ချင်းတင်ဖို့လိုကြောင်း Ms. Yanghee Lee တိုက်တွန်းခဲ့ ပါတယ်။

ဒါ့အပြင် ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် အဖွဲ့ FFM ဥက္ကဋ္ဌ Marzuki Darusman ရဲ့ တင်ပြချက်ထဲမှာဆိုရင် တိုင်းပြည်ကို အကာအကွယ်ပေးတဲ့ အဖွဲ့အစည်း အဖြစ်မပြောင်းလဲမချင်း မြန်မာ့တပ်မတော်ကို အဆက်အဆံ မလုပ်ကြဖို့ တိုက်တွန်းမှုတွေ ပါဝင်ခဲ့ပါတယ်။

Mr. Darusman က မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုတွေ ပိတ်ပင်တားဆီးတဲ့ အရေးယူ ဆောင်ရွက်မှုပြုလုပ်ဖို့နဲ့ နိုင်ငံတကာဥပဒေတွေကို ထင်ထင်ရှားရှားချိုးဖောက်ခဲ့သူတိုင်းကို လုံခြုံရေး ကောင်စီက ပြစ်ဒဏ်ခတ်အရေးယူပေး ဖို့လည်း တင်ပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org