မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ချင်းဒုက္ခသည်တွေနဲ့ တွေ့ဆုံ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်ကင်တားနာ ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိ ုစုံစမ်းနိုင်ဖို့ မလေးရှားနိုင်ငံကို ရောက်ရှိနေပြီး မလေးရှားကို ထွက်ပြေး ရောက်ရှိနေတဲ့ ချင်းတိုင်းရင်းသား ဒုက္ခသည်တွေနဲ့ တွေ့ဆုံနေတယ်လို့ သိရပါတယ်။
-
2011-02-21 -
-
-
မစ္စတာ ကင်တားနားရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ကနေဒါအခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ တာဝန်ခံတဦးဖြစ်သူ ဆလိုင်းဗွေလျှံက အတည်ပြု ပြောပါတယ်။
“ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံးက ကျနော်တို့ ချင်းပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို လေ့လာချင်တယ်တဲ့။ မလေးရှားမှာ ချင်းဒုက္ခသည် ၄ သောင်းကျော် ရှိတယ်ဆိုတော့ မလေးရှားကို သူကိုယ်တိုင်လာပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကာယကံရှင်တွေနဲ့ ကိုယ်တိုင်တွေ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်တာပါ”
ဒါပေမယ့် သူက အသေးစိတ်ထုတ် ဖော်ပြောကြားဖို့ ငြင်းဆိုပါတယ်။
ပြီးခဲ့တဲ့လကလည်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ဆရာဝန်များအဖွဲ့က ချင်းပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားထု တရပ်လုံးကို ကျူးလွန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ မြောက်နေတယ်ဆိုတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ လက်ရှိ ချင်းတိုင်းရင်းသား ဒုက္ခသည်ပေါင်း ၄ သောင်းကျော် ရှိတယ်လို့ ခန့်မှန်းထားပြီး အများအပြားဟာ မလေးရှားက တဆင့် တတိယနိုင်ငံတွေကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
မစ္စတာကင်တားနားဟာ လာမယ့်လမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင်အ့ရေး အခြေအနေ အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီကို တင်ပြဖို့ ရှိပြီး ချင်းတိုင်းရင်းသားများ အရေးနဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်များ အရေးကို အဓိကထား တင်ပြဖို့ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။