UNA, NLD ပူးပေါင်းဆောင် ရွက်ရေး ဒေါ်အောင်ဆန်းစုကြည် နဲ့ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်တချို့က ရှေ့ဆက် ပူးပေါင်းဆောင်ရွက် ရမယ့်ကိစ္စတွေကို နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်မှာ ၂ နာရီနီးပါး ကြာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။

NLD ရုံးချုပ်မှာ ဒီဇင်ဘာလ ၃ဝ ရက်နေ့ကပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာ မိတ်အဖွဲ့ UNA ခေါင်းဆောင်တချို့က ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတွေ ကို နေပြည်တော် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ၂ နာရီနီးပါးကြာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ နိုင်ငံရေးဆွေးနွေး ပွဲတွေ ကျင်းပနိုင်ရေး နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ ကြတယ်လို့ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေ စီအဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့် လွင်က ပြောပါတယ်။

"  ဒီ ၂၀၁၅ ထဲမှာပေါ့နော်၊ လွတ်လပ်ပြီး တရားမျှ တတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး၊ နောက်ပြီးတော့ ဆွေးနွေးပွဲတွေဖြစ်မြောက်ရေး၊ အခြေခံ ဥပဒေပြင် ဆင်ရေးနဲ့ ပတ်သက် လို့ လောလောဆယ်တော့ စကားလုံးအတိအကျမရသေးဘူး၊ စကားလုံး အတိအကျ ရ အောင်ပြန်လုပ်မယ်၊ NLD ဖက်မှာလဲ သူတို့လုပ်ပါလိမ့်မယ်၊ နောက်ကော်မတီချင်း ဆက်ပြီးတော့ ညှိနှိုင်း မှာပါ၊ NLD အနေနဲ့ဆိုရင် တခြားအမိတ်အဖွဲ့အစည်းတွေကို အကြာကြီး ညှိနှိုင်းဆွေးနွေးတာမရှိပါဘူး၊ ဒါအစပါပဲ"

အဲ့ဒီအချက် ၃ ခု နဲ့ပတ်သက်ပြီး အသေးစိတ်ကို ဆက်လက် ဆွေးနွေးကြဦးမှာဖြစ်တယ် လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင်တွေဖြစ်တဲ့ ဦးထွန်းထွန်း ဟိန်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါက်တာဒေါ်သန်းငွေ၊ မန်းဂျော်နီ နဲ့ UNA အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးစိုင်းညွန့်လွင်၊ ဒေါက်တာမင်းစိုးလင်း၊ ဦးမန်းကျော်ငြိမ်း၊ ဦးကမ်းလျှံနဲ့ ဦးနိုင်ဖေသန်း တို့ တက်ရောက်ခဲ့ပါတယ်။

UNA က မိတ်ဖက်နိုင်ငံရေးပါတီတွေအပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့ စတဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရ ပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ကို တိုင်းရင်းသား နိုင်ငံရေးပါတီ ၈ခု နဲ့ ဖွဲ့စည်းထား တာဖြစ်ပါတယ်။

ဦးစိုင်းညွန့်လွင်ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org