UNFC စုံညီအစည်းအဝေး ပြီးဆုံး

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ ရဲ့ ကောင်စီမျက်နှာစုံညီ အစည်းအဝေးကို ထိုင်းမြန်မာနယ်စပ်မှာ သုံးရက်ကြာ ကျင်းပခဲ့ရာမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ် မူကြမ်းကိစ္စအပါအဝင် UWSA ၀ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်က ပန်ဆန်းဌာနချူပ်မှာကျင်းပမယ့် တိုင်းရင်းသား ထိပ်သီးအစည်းအဝေးကိစ္စတွေ ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ သိရပါတယ်။

ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားပါတီတွေနဲ့ UNFC ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ သြဂုတ်လ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးကြစဉ် Photo: Aung Moe Myint/RFA

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ UNFC အဖွဲ့ရဲ့ ကောင်စီမျက်နှာစုံညီ အစည်းအဝေးကို ထိုင်းမြန်မာနယ်စပ်မှာ သုံးရက်ကြာကျင်းပခဲ့ရာမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချူပ်မူကြမ်းကိစ္စ အပါအဝင် UWSA ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က ပန်ဆန်းဌာနချူပ်မှာကျင်းပမယ့် တိုင်းရင်း သား ထိပ်သီးအစည်းအဝေးကိစ္စတွေ ဆွေးနွေးညှိနှိုင်း ခဲ့ကြတယ်လို့ သိရပါတယ်။

ဧပြီလ ၁၃ ရက်နေ့ တနင်္လာနေ့က ပြီးဆုံးသွားတဲ့ အဲဒီ့ အစည်းအဝေးမှာ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ က မတ်လ ၃၁ ရက်နေ့က UPWC နဲ့ သဘောတူညီမှု ရခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချူပ်မူကြမ်း ကို UNFC အဖွဲ့ဝင်တွေနဲ့ UNFC ဆက်စပ်အဖွဲ့ဝင် ကိုယ်စားလှယ်တွေကို ချပြသုံးသပ်ခဲ့ပြီး ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ဆွေးနွေးညှိနှိုင်းခဲ့ကြ တယ်လို့ UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က RFA ကို ပြောပါတယ်။

"အတိအကျအဖြေကလည်း ကျနော်တို့ညီလာခံလုပ်ပြီးမှ သိရမယ့်ကိစ္စ အဲ့လိုပဲနားလည်တာပေါ့နော် ၊ လောလောဆယ်တော့ ကျနော်တို့ဘာအကြောင်းအချက်တွေ လိုအပ်တယ်ဆိုတဲ့ကိစ္စလေးကိုပဲကို ကျနော်တို့ဆွေးနွေးခဲ့ကြတယ်"

ဒီအစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ UNFC အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ပန်ဆန်းဌာနချူပ်မှာကျင်းပမယ့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၁၂ ဖွဲ့ကိုသာ ဖိတ်ကြားထားပါတယ်။ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က RFA ကို အခုလို ပြောဆိုပါတယ်။

"ဒါကနှစ်ပိုင်းခွဲကြည့်ရမယ်လေ၊ ဒါကလည်းကျနော်တို့က ထိပ်သီးအစည်းအဝေးဆိုတာ တိုင်းရင်းသား အဖွဲ့အစည်းတွေ အကြံပြုထားတဲ့ဟာတွေပါ၊ အဖွဲ့အစည်းတွေ အရင်ဆွေးနွေးကြည့်မယ်ဆိုပြီးတော့ အကြံပြုထားတဲ့အစုအဖွဲ့၊ ဒါကအရင်ကတိုင်းရင်းသားတွေ အပစ်ခတ်ရပ်စဲရေးစာချုပ်မူကြမ်း လက်မှတ် မထိုးခင် ၂ လပိုင်းက ဆုံးဖြတ်တဲ့ကိစ္စလေ၊ အခုကမတ်လ ၃၁ ရက်နေ့မှာ UPWC နဲ့ NCCT တို့က အပစ်ခတ်ရပ်စဲရေးမူကြမ်းစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီ၊ ဒီတော့အတွေးအမြင်တွေကလည်း ပြောင်းလဲ လာတာရှိတယ်၊ တချို့အဖွဲ့အစည်းကလည်း အားလုံးခေါ်ညှိတယ်၊ ဘာလိုညာလိုပေ့ါ၊ ဒီကိစ္စက နှစ်ပိုင်းခွဲကြည့်ရမယ်၊ အခုကဒီလိုဖြစ်လာတယ်ဆိုတော့ အားလုံးခေါ်သင့်တယ်ဆိုတဲ့ ဆန္ဒလည်းထွက်လာတယ်၊ ဒါကြောင့်မို့ဒီကိစ္စလည်း ဆွေးနွေးညှိနှိုင်းနေကြတယ်"

အဲဒီအစည်းအဝေးကိုUWSA ပန်ဆန်းဌာနချူပ်မှာ လာမယ့် မေလ ၁ ရက်နေ့မှာ စတင်ကျင်းပဖို့ သတ်မှတ်ထားပြီး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချူပ် လက်မှတ်ထိုးနိုင်ရေးကိစ္စ အဓိကဆွေးနွေးညှိနှိုင်းကြမှာဖြစ်တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org