UNFC ထိပ်ပိုင်းခေါင်းဆောင်များ ရန်ကုန်မြို့ကို ရောက်ရှိ

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒု ဥက္ကဌ ဦးအေဘယ်လ်တွီ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ပဒို ဒေးဗစ်တာကပေါတို့ ရန်ကုန်မြို့ကို ဒီကနေ့ ည ၇ နာရီလောက်မှာ လေကြောင်းခရီးနဲ့ ရောက်ရှိလာပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒု ဥက္ကဌ ဦးအေဘယ်လ်တွီ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ပဒို ဒေးဗစ်တာကပေါတို့ ရန်ကုန်မြို့ကို ဒီကနေ့ ည ၇ နာရီလောက်မှာ လေကြောင်းခရီးနဲ့ ရောက်ရှိလာပါတယ်။

ချင်းမိုင်မှာကျင်းပခဲ့တဲ့ ပြည်တွင်းနိုင်ငံရေးပါတီ ၁၁ ပါတီ ခေါင်းဆောင်တွေနဲ့ UNFC တွေ့ဆုံဆွေးနွေးအပြီး အခုလို UNFC ခေါင်းဆောင်တွေအနေနဲ့  ရန်ကုန်မြို့ကို မြန်မာထိုင်းနယ်စပ် တာချီလိတ်မြို့ကနေတဆင့် ရောက်ရှိလာတာပါ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC အဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ဒုဥက္ကဌ ဦးအေဘယ်တွီ၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနဲ့ ပဒိုဒေးဗစ်သာကပေါတို့အနေနဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အပါဝင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

UNFC ခါင်းဆောင်တွေရဲ့ ခရီးစဉ်အတွင်း အစိုးရရဲ့  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီအပါဝင် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ UNFC တာဝန်ရှိသူတွေဘက်က သတင်းထုတ်ပြန်ခဲ့ပေမယ့် အစိုးရဘက်နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်တာ မရှိပါဘူး။

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ဖွဲ့စည်းခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေအနေနဲ့ လာမယ့် နိုဝင်ဘာ ၂၅ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး မူဘောင်ဆိုင်ရာကိစ္စတွေ ဆွေးနွေးဖို့ စီစဉ်ထားပေမယ့်၊ အခုရန်ကုန်ခရီးစဉ် ပေါ်ပေါက်ခဲ့တာကြောင့် ဆွေးနွေးပွဲအစီအစဉ်ကို လာမယ့်နိုဝင်ဘာ ၂၆ ရက်နေ့ကို ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်နေကြတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေဟာ နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၉  နာရီကစပြီး ရှမ်းလူထုအခြေပြုအဖွဲ့အစည်းက ခေါင်းဆောင်တွေ ၊ ABSDF/ NLD-LA/ DPNS စတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ ထပ်မံတွေ့ဆုံခဲ့ပြီး လက်ရှိ နိုင်ငံရေးအမြင်တွေကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။

အကြောင်းစုံကို ချင်းမိုင်မြို့အခြေစိုက် RFA သတင်းထောက် ဦးအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org