UNFC ခေါင်းဆောင်သစ်ရွေးချယ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ရဲ့ ဒုတိယ အကြိမ် ညီလာခံကနေပြီး ခေါင်းဆောင် သစ်တွေကို ပြောင်းလဲရွေးချယ် ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၂ဝ ရက်နေ့က စတင်ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ဒုတိယအကြိမ် ညီလာခံကို တွေ့ရစဉ် Photo: Aung Moe Myint/RFA

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ရဲ့ ဒုတိယအကြိမ် ညီလာခံကနေပြီး ခေါင်းဆောင်သစ်တွေကို ပြောင်းလဲရွေးချယ် ခဲ့ပါတယ်။

UNFC ဥက္ကဌ နဲ့ အဖွဲ့ကိုဦးဆောင်ကြမယ့် ထိပ်သီးခေါင်းဆောင် ၅ ဦးကို ရွေးချယ်ခဲ့ပြီး၊ ဗဟိုအလုပ်အ မှုဆောင် ကော်မတီဝင် ၉ ဦးကို အသစ်ပြန်လည်ရွေးချယ်ခဲ့ကြပါတယ်။

ခေါင်းဆောင်သစ်တွေကတော့ UNFC ဥက္ကဌ အဖြစ် နိုင်ဟံသာ၊ ဒုဥက္ကဌ ဒေါက်တာ ခင်မောင်၊ အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး ဆေအွန် နဲ့ တွဲဘက်အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗဟိုအလုပ်အမှုဆောင်ကော်မ တီဝင်တွေ အဖြစ် ဦးထွန်းဇော် ၊ နိုင်အောင်မငေး၊ ဗိုလ်ချူပ်ဘီထူး နဲ့ ဗိုလ်မှူးကြီး မင်းထွန်း တို့ကိုရွေးချယ်ခဲ့ကြပါတယ်။

UNFC အဖွဲ့ကို အရင်က ကောင်စီဝင် ၂၃ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၂ ဦး နဲ့ ဖွဲ့စည်းထား ခဲ့ရာက အခုညီလာခံက အသစ်ပြန်လည်ဖွဲ့စည်းရာမှာတော့ ကောင်စီဝင် ၁၅ ဦး၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ ဝင် ၉ ဦး နဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကချင်အမျိုးသားအစည်းအရုံး KNO အဖွဲ့တို့က UNFC အဖွဲ့ဝင်အဖြစ် ပြန်ဝင်ခွင့်ပြုဖို့ ကိစ္စကိုတော့ ဒီညီလာခံကနေပြီး UNFC ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ ကြတယ်လို့သိရပြီး မကြာခင်ကျင်းပမယ့် UNFC ကောင်စီ အစည်းအဝေးမှာ အဖွဲ့ဝင်သစ်လျှောက်ထားတဲ့အဖွဲ့တွေ နဲ့ မေးမြန်းဆုံးဖြတ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org