UNFC တိုင်းရင်းသား ၁၂ ဖွဲ့နှင့် ပြည်ပ ပညာရှင်များ ဆွေးနွေး

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ၁၂ ဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ပဋ္ဋိပက္ခဖြေ ရှင်းခြင်းဆိုင်ရာကိစ္စနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ လုပ်နည်းလုပ်ဟန် အကြောင်းတွေကို နိုင်ငံတကာက တတ်သိပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာပြည်တွင်းက နိုင်ငံရေး ပါတီတွေနဲ့ ပြည်ပကတိုင်းရင်းသား အင်အားစုတွေ နိုဝင်ဘာ လ ၂၂ ရက်နေ့က တွေ့ဆုံကြစဉ် photo: RFA/ Aung Moe Myint

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် ၁၂ ဖွဲ့က တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ပဋ္ဋိပက္ခဖြေ ရှင်းခြင်းဆိုင်ရာကိစ္စနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ လုပ်နည်းလုပ်ဟန် အကြောင်းတွေကို နိုင်ငံတကာက တတ်သိပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရခိုင်ပြည် အမျိုးသားကောင်စီ ANC အဖွဲ့ရဲ့ ဒုဥက္ကဌ (၁) UNFC အဖွဲ့ရဲ့ဒုတိယ နိုင်ငံခြားရေးတာဝန်ခံ ဒေါက်တာ ခင်မောင် က RFA ကို အခုလို ပြောပါတယ်။

“ပညာရှင်တွေက သုံးယောက်ပါ၊ South Africa နဲ့ အင်ဒိုနီးရှားက ပညာရှင်တွေပါ၊ အခု အကြမ်းဖျဉ်းအားဖြင့် Ceasefire ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြည်တောင်စုအစိုးရနဲ့ UNFC နဲ့ ဆွေးနွေးခဲ့တဲ့ဖြစ်စဉ်တွေ၊ လက်ရှိ နောက်ဆုံးဆွေးနွေးနေတဲ့ အခြေအနေတွေ၊ အဲ့ဒါတွေကို UNFC ဘက်က ဘယ်လိုခံစားရလဲ၊ ဘယ်လို အတွေ့အကြုံမျိုးတွေ့ကြုံရလဲ၊ ဒီ Nationwide Ceasefire နဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ပြောဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ Political ဒိုင်ယာလော့ ဖြစ်လို့ရှိရင် Frame Work က ဘယ်လိုဖြစ်မယ်ဆိုတာတွေလည်း ကျနော်တို့ ပြောဖြစ်တယ်၊ သူတို့ကလည်းပဲ အင်ဒိုနီးရှားအတွေ့အကြုံ၊ South Africa အတွေ့အကြုံတွေကို ပြောပြတယ်”

အလုပ်ရုံဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းက ခေါင်းဆောင် ၂၀ ကျော် တက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံနဲ့ တောင်အာဖရိကနိုင်ငံတွေက ပညာရှင်တွေ့ရဲ့ အတွေ့အကြုံနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်ဖလှယ်ခဲ့ကြရာမှာ သတိထားစရာ၊ စိတ်ဝင်စားစရာတွေ ရခဲ့ကြတယ်လို့ ဒေါက်တာ ခင်မောင်က ဆက်ပြောပါတယ်။

“စိတ်ဝင်စားစရာတွေတော့ အများကြီးရှိပါတယ်၊ ကျနော်တို့ရဲ့ ဗမာပြည်အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်းပဲ ဘယ်လိုစိတ်ရှည်ဖို့လိုတယ်၊ အခက်အခဲတွေကို ကျော်လွှားတဲ့နေရာမှာ ဘယ်လိုသဘောထားတွေ ထားဖို့လိုတယ် ဆိုတာလေးတွေကို ကျနော်တို့ ဆွေးနွေးကြတာပါ၊ ကျနော်တို့ Negotiation ကို ပိုပြီးတော့ ကျနော်တို့ဘက်က ခံစားချက်တွေကို ကျနော်တို့ဘက်က ဖြစ်ပျက်နေတဲ့အမြင်တွေကို လာပြီးလေ့လာတဲ့သဘောပါ။ ကျနော်တို့အတွက်တော့ အများကြီးအကျိုးရှိပါတယ်။ အတွေ့အကြုံတွေကတော့ ကျနော်တို့ ရရှိတယ်၊ ရှေ့လုပ်ငန်းစဉ်လည်းပဲ ကျနော်တို့ ဆင်ခြင်ပြီးတော့ သတိထားစရာလေးတွေ၊ သင်ခန်းစာတွေ ရတာပေါ့ဗျာ”

ဒီအလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် အင်္ဂလန်နိုင်ငံအခြေစိုက် Inter Mediate ဆိုတဲ့ NGO တစ်ခုက ကမကထပြုလုပ်ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ ပူးပေါင်းစီစဉ်ခဲ့တာ ဖြစ်တယ်လို့လည်းသိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org