ပြည်တွင်းစစ်အဆုံးသတ်ရေး နိုင် ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ အစိုးရ သစ်ကို UNFC တောင်းဆို

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ ပြီးရင် နှစ်ပေါင်း ၇ဝ နီးပါး ဖြစ်ပွားနေ တဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်တန့်အောင်လုပ်ပြီး နိုင် ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဦးစားပေးဆောင်ရွက်စေလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီက တောင်းဆိုလိုက်ပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာ ကို တွေ့ရစဉ် Photo: Kyaw Lwin Oo/ RFA

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ပြီးရင် နှစ်ပေါင်း ၇ဝ နီးပါး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံးရပ် တန့်အောင်လုပ်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဦးစားပေးဆောင်ရွက်စေလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ ဖွဲ့စည်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက တောင်းဆိုလိုက်ပါတယ်။

လက်ရှိရွေးကောက်ပွဲ မဲရလဒ်တွေအရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရ တစ်ရပ်ဖွဲ့ဖို့ အလေးသာနေတာကို ဂုဏ်ပြုကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အမြန်ဆုံးချုပ်ငြိမ်းအောင် ဆောင် ရွက်စေလိုတယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်ဟံသာ က ပြောပါတယ်။

"တိုင်းပြည်မှာရှိနေတဲ့ ပြည်တွင်းစစ်နှစ် ၇ဝ နီးပါးကို အမြန်ဆုံးရပ်တန့်အောင် လုပ်ပြီးတော့မှ နိုင်ငံရေးနည်းအရဖြေ ရှင်းဖို့ကို ဒါကတော့ အဓိကလုပ်ဆောင်ဖို့လိုတယ်၊ ဒါကိုမလုပ်နိုင်ရင် ကျန်တဲ့ကိစ္စတွေကလည်း လုပ်ဖို့လွယ်မှာမဟုတ် ဘူး၊ တစ်ဘက်က အဲ့ဒါလုပ်နေရင်းနဲ့ တစ်ဘက်က ၂ဝဝ၈ ဖွဲ့စည်းပုံကိုလည်းပြင် ရမယ်၊ နောက်ကျနော်တို့ နိုင်ငံအခြေ အနေနဲ့ ကိုက်ညီတဲ့မျှော်မှန်းထားတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ဒါတွေ ကတော့ မလုပ်မဖြစ်အရေးကြီးဆုံး လုပ်ငန်းတွေလို့ပဲ ကျနော်မြင်ပါတယ်"

နိုင်ငံတွင်းမှာ ဖြေရှင်းရမယ့် ပြဿနာတွေ အများအပြားရှိတဲ့အထဲက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ တိုင်းရင်းသားလူမျိုးတွေအကြား အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဖို့ တိုက်တွန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြည်တွင်းမှာ တွေ့ဆုံခဲ့မူအရ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ စစ်ပွဲတွေချုပ်ငြိမ်းရေး အတွက် မဖြစ်မနေ ဦးစီးပေးဆောင်ရွက်ရမှာကို နားလည်သဘောပေါက်တဲ့ အတွက် အလားအလာကောင်းတယ်လို့ မြင်ကြောင်း ဦးနိုင်ဟံသာက ပြောပါတယ်။

ဒါ့အပြင် ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ ပြည်သူတွေရဲ့တောင်းဆိုမူအရ NLD အရပ်သားအစိုးရအဖွဲ့ပေါ်ပေါက် လာရင် တပ်မတော်က စစ်ရေးစစ်ရာ ကိစ္စတွေမှာ အစိုးရရဲ့အမိန့်ကို နာခံလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

UNFC ဒုတိယဥက္ကဋ္ဌ ဦးနိုင်ဟံသာကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org