ကုလမဟာမင်းကြီး Fillippo Grandi အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တေ့ွဆုံမည်

ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi ဟာ စစ်တွေမြို့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒီနေ့နေ့လယ်မှာတွေ့ဆုံမှာဖြစ်သလို ခေါင်းဒုက္ကာ၊ ဆေးသမား မွတ်ဆလင်ဒုက္ခသည်စခန်းတွေကိုသွားရောက်လေ့လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သီးသန့်တွေ့ဆုံမှာဖြစ်ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi ကို စစ်တွေမြို့မှာ ၂၀၁၉ မေ ၂၂ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi ဟာ စစ်တွေမြို့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒီနေ့နေ့လယ်မှာတွေ့ဆုံမှာဖြစ်သလို ခေါင်းဒုက္ကာ၊ ဆေးသမား မွတ်ဆလင် ဒုက္ခသည်စခန်းတွေကိုသွားရောက်လေ့လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သီးသန့်တွေ့ဆုံမှာဖြစ်ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi ဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် ကိုရောက်ရှိတာဖြစ်ပြီး အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို နှစ်ရက်ကြာ သွားရောက်လေ့လာခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်း မောင်တောမြို့နယ်က မွတ်ဆလင်ကျေးရွာအချို့ကိုသွားရောက်လေ့လာခဲ့သလို တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့ကိုထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi ရဲ့ ၃ ရက်တာလာရောက်တဲ့ ရခိုင်ပြည်နယ် ခရီးစဉ်ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဒီနေ့ ပြီးဆုံးမှာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org