ကုလအဖွဲ့တွေ ရခိုင်ပြည်နယ် ပဏာမ လေ့လာမှုပြီးစီး
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ပဏာမ လေ့လာစစ်ဆေးမှုတွေ ပြီးစီးသွားပြီဖြစ်တဲ့အတွက် ရရှိတဲ့အချက်အလက်တွေကို အခုလေ့လာစိစစ်နေတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ UNHCR အရာရှိတစ်ဦးက ပြောပါတယ်။
-
2018-09-26 -
-
-
UNHCR ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr Indrika Abeyaratne Ratwatte ကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က စစ်တွေလေဆိပ်မှာ တွေ့ရစဉ်
Photo: Min Thein Aung/RFA
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ပဏာမ လေ့လာစစ်ဆေးမှုတွေ ပြီးစီးသွားပြီဖြစ်တဲ့အတွက် ရရှိတဲ့ အချက်အလက်တွေကို အခုလေ့လာစိစစ်နေတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ UNHCR အရာရှိတစ်ဦးက ပြောပါတယ်။
အဲဒီ ကုလအဖွဲ့အစည်း ၂ ခုက ဝန်ထမ်းတွေဟာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ နေ့စဉ်လူမှုဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လိုအပ်ချက်တွေကို မေးမြန်းတိုင်ပင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ကုလဝန်ထမ်းတွေကို မြန်မာအစိုးရက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဒေသတွေကို စက်တင်ဘာလ ၁၂ ရက်နေ့ကစတင်ကာ သွားလာခွင့်ပြု ခဲ့ပြီးနောက် အခုလို ကွင်းဆင်းလေ့လာခဲ့ကြတာဖြစ်ပါတယ်။
အဲဒီ ကုလဝန်ထမ်းတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ကန့်သတ်တားမြစ်ချက်မရှိဘဲ လွတ်လပ်စွာ သွားလာတွေ့ဆုံမေးမြန်းခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။