ဒုက္ခသည်တွေကို ကယ်ဖို့ အင်ဒိုနီးရှားကို UNHCR မေတ္တာရပ်ခံ

ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးက အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်မှာရောက်နေတဲ့ ကလေးနဲ့ အမျိုးသမီးတွေပါ၀င်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၄၀ ကျော်ပါတဲ့ စက်လှေကို ကယ်တင်ပေးဖို့ အင်ဒိုနီးရှားနိုင်ငံကို မေတ္တာရပ်ခံလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်တောင်ပိုင်း ကမ်းခြေအနီး ဆိုက်ကပ်လာသည့်လှေပေါ်တွင် လိုက်ပါလာသည့် ရိုဟင်ဂျာ ဒုက္ခသည်များအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။ CHAIDEER MAHYUDDIN / AFP

ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးက အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်မှာရောက်နေတဲ့ ကလေးနဲ့ အမျိုးသမီးတွေပါ၀င်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၄၀ ကျော်ပါတဲ့ စက်လှေကို ကယ်တင်ပေးဖို့ အင်ဒိုနီးရှားနိုင်ငံကို မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီလှေဟာ အာချေးကမ်းခြေက လေးမိုင်အကွာခန့်မှာ ကျောက်ချရပ်နားနေပြီး တနင်္လာနေ့ကတော့ ကယ်ဆယ်ရေးသင်္ဘောက တစ်မိုင်ခန့်အထိ ပြန်ဆွဲလာခဲ့တယ်လို့ AFP သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

"ဒုက္ခရောက်နေသူတွေကို အရေးပေါ်ကယ်ဆယ်ဖို့ အမြန်လိုအပ်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံကို မေတ္တာရပ်ခံပါတယ်။ UNHCR နဲ့ မိတ်ဖက်အဖွဲ့တွေကလည်း လိုအပ်တဲ့ အကူအညီတွေပေးအပ်ဖို့ အဆင်သင့်ရှိနေပါတယ်" လို့ UNHCR အဖွဲ့က Faisal Rahman က ပြောလိုက်ပါတယ်။

သင်္ဘောပေါ်ပါ ရိုဟင်ဂျာ သုံးဦးဟာ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း သေဆုံးခဲ့ပြီး အနည်းဆုံး ၁၁ ဦးကို အရေးပေါ်ကမ်းခြေကို ပြန်ခေါ်ပြီး ဆေးကုသမှုပေးနေရတယ်လို့ AP သတင်းမှာလည်း ဆက်လက်ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org