ကလေးသူငယ်တွေ သေဆုံးရမှုအပေါ် ရှုတ်ချကြောင်း UNICEF ထုတ်ပြန်

ပဋိပက္ခတွေ ပြင်းထန်လာတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတင် အသက်မပြည့်တဲ့ ကလေး အနည်းဆုံး လေးဦး အပါအဝင် အခြားဒေသခံတွေပါ သေဆုံးခဲ့တဲ့အပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဇန်နဝါရီလ ၁၁ ရက် ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မတူပီမြို့နယ်မှာ စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အသက် (၁၃) နှစ်အရွယ် Salai La Nang ကို တွေ့ရစဥ် Photo: Citizen Journalist
ပဋိပက္ခတွေ ပြင်းထန်လာတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတင် အသက်မပြည့်တဲ့ ကလေး အနည်းဆုံး လေးဦး အပါအဝင် အခြားဒေသခံတွေပါ သေဆုံးခဲ့တဲ့အပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဇန်နဝါရီလ ၁၁ ရက် ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
 
ဇန်နဝါရီလ ၈ ရက်နေ့က ချင်းပြည်နယ် မတူပီမြို့မှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့ ရုပ်အ လောင်းကို ရှာဖွေတွေ့ရှိခဲ့သလို ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း လေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၂ အရွယ် မိန်းကလေးနဲ့ အသက် ၁၆ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး လက်နက် ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ UNICEF က ပြောပါတယ်။
 
အဲဒီနေ့မှာပဲ ကရင်ပြည်နယ် ဘားအံမြို့မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
ဇန်နဝါရီလ ၇ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့မှာ အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်အရွယ် ယောကျ်ား လေးနှစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့သလို ဇန်နဝါရီလ ၅ ရက်နေ့က ရှမ်းပြည်နယ် နမ့်ခမ်းမြို့မှာ အသက် ၁ နှစ်အရွယ်နဲ့ ၄ နှစ်အရွယ် မိန်းကလေးနှစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ UNICEF ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
 
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတဲ့အပေါ် UNICEF အနေနဲ့ စိုးရိမ်မိသလို အရပ်သားဒေသတွေ အပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှု အပါအဝင် ကလေးသူငယ်တွေအပေါ် တိုက်ခိုက် မှုကိုလည်း ရှုတ်ချတယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေနဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးတာဖြစ်လို့ နိုင်ငံရေးပါတီတွေကလည်း ကလေးသူငယ်တွေပေါ် အကာအကွယ်ပေးရေးကိစ္စတွေကို အလေးထားပြီး လိုအပ်တဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်ရမယ်လို့လည်း သတိပေးထားပါတယ်။
 
UNICEF အနေနဲ့ အခြားအဖြစ်အပျက်တွေလိုပဲ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးတွေ အရေးတကြီးလုပ်ဆောင်ဖို့ တောင်းဆိုထားသလို သေဆုံးသူတွေရဲ့ မိသားစုတွေကိုလည်း ဝမ်းနည်းကြောင်း အလေးအနက်ထား ပြော ကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org