ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများ အခြေအနေ ကုလအရာရှိ စိုးရိမ်

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ စိုးရိမ်တုန်လှုပ်စရာကောင်းတဲ့ ဆင်းရဲ ဒုက္ခတွေကို မြင်တွေ့ခဲ့ရတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် တို့ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင် ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် Kyung -wha Kang က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဒုတိယအရေးပေါ် ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး Ms. Kyung-Wha Kang ကိုဇွန်လ ၁၂ ရက်နေ့က စစ်တွေမြို့ဒေသခံတွေနဲ့ အတူ တွေ့ရစဉ် Photo: Min Thine Aung / RFA

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ စိုးရိမ်တုန်လှုပ် စရာကောင်းတဲ့ ဆင်းရဲဒုက္ခတွေကို မြင်တွေ့ခဲ့ရတယ် လို့ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်  Kyung-wha Kang က ပြောကြား လိုက်ပါတယ်။

သူ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာ ချက်မှာ လူအမြောက်အများဟာ ကျန်းမာရေး၊ ပညာရေး ၊ သောက်သုံးရေရရှိရေး စတဲ့ အခြေခံဝန်ဆောင်မှုတွေကို အလုံအလောက်မရကြကြောင်း၊ ဘယ်ကိုမှ လွတ်လွတ် လပ်လပ် သွားလာလို့မရတဲ့ ချုပ်ချယ်မှုတွေနဲ့ ကလေးတွေရော လူကြီးတွေပါ ဒီလို ဆင်းရဲ ဒုက္ခရောက်နေကြတာမျိုးကို သူ့တသက်မှာ တစ်ခါမှမမြင်ခဲ့ ဖူးကြောင်း ဖေါ်ပြထားပါတယ်။

အိုးအိမ် ဆုံးရံှုးစွန့်လွှတ်ခဲ့ရပြီး အဲဒီစခန်းတွေမှာ ခိုလှုံနေ ရသူ ထောင်ပေါင်းများစွာဟာ လယ်လုပ်၊ ငါးဖမ်း စတဲ့အလုပ်တွေကို ဘာမှလုပ်ခွင့်မရကြတဲ့အတွက်  လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေကိုသာ မျှော်ကိုးအားထားပြီး နေနေကြရတယ်လိ့ုလည်း အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်ညှိနှှိုင်းရေးမှူးလည်းဖြစ်တဲ့  လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်  Ms. Kang   က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အပြစ်ရှိသူ တရားခံတွေကို ဖေါ်ထုတ်အရေးယူဖို့ ကိုလည်း အစိုးရကို သူက တိုက်တွန်းထားပါတယ်။

သူဟာ စစ်တွေမြို့မှာရှိတဲ့ ကုလသမဂ္ဂနဲ့ NGO  အဆောက်အဦးတွေ ပြီးခဲ့တဲ့ မတ်လတုန်းက တိုက်ခိုက်ခံရပြီး တဲ့နောက်ပိုင်းမှာ လူသားချင်းစာနာမှု အကူအညီတွေ ပြန်စတင်တာနဲ့ အရှိန်မြှင့် ဆောင်ရွက်ချက် တိုးတက်မှုတွေကို အကဲဖြတ်ဖို့အတွက် ဒေသဆိုင်ရာအာဏာပိုင်တွေ၊ လူ့အဖွဲ့ အစည်းခေါင်ဆောင်တွေ၊ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပြင် စခန်းတွေကို သွားကြည့်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org