ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ဟာ အဓိကလိုအပ်ချက်လို့ သမ္မတပြော
ဒီကနေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမရှေ့မှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ဒီကနေ့ မနက် ၇ နာရီက ကျင်းပခဲ့ပါ တယ်။
-
2013-02-12 -
-
-
ပြည်ထောင်စုနေ့ အခမ်းအနားတက်ရောက်ဖို့ နေပြည်တော်ကိုရောက်ရှိနေတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများရဲ့ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများကို သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နေ့လည်ခင်းက တွေ့ဆုံခဲ့စဉ်
Photo: U Ye Htut Facebook
အဲဒီအခမ်းအနားမှာ နိုင်ငံတော်တီဝိုင်းနဲ့ နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဖတ်ကြားခဲ့ပါတယ်။
ဒီအခမ်းအနားမှာ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနဲ့ NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါတယ်။
နေပြည်တော်မှာ အစိုးရကကျင်းပတဲ့ ပြည်ထောင်စုနေ့ မနက်ပိုင်း အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ခဲ့ပေမယ့် ညနေပိုင်းကျင်းပတဲ့ ပြည်ထောင်စုနေ့ ညစာစားပွဲကိုတော့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။