ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကန့်ကွက်လွှာတွေကို စစ်ဆေးမည်

ပြီးခဲ့တဲ့၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်း ထားတဲ့ အမှု ၆ မှုလုံးကို လာမယ့် ဇွန်လ ၁၂ ရက်နေ့ မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ခုံရုံးက စတင် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂ဝ၁၇ ခုနှစ် ဧပြီလ ၂ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်လောင်းများစာရင်း ကြေညာစဉ် Photo: Union Election Commission FB

ပြီးခဲ့တဲ့၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းထားတဲ့ အမှု ၆ မှုလုံးကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ခုံရုံး က စတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အမှုတွေအားလုံးစစ်ဆေးနိုင်ဖို့ တိုင်တန်းသူနဲ့တိုင်ကြားခံရသူ နှစ်ဖက်စလုံးကို ဆင့်ခေါ်ထားပြီး ဖြစ်တယ် လို့ ပြည်ထောင်စုရွေးကောက်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း ကပြောပါတယ်။

"ဇွန် ၁၂ ရက်နေ့ တနင်္လာနေ့ ၁၀ နာရီမှာ အမှုစစစ်တော့မယ်။ အမှုတွေ အကုန်လုံးစခေါ်ထားတယ်။ ၆ မှုလုံး ခေါ်ထားတယ်။ အမှုတွေစစစ်တော့မယ်။ မေးလိုက်မြန်းလိုက်ပေါ့ သက်သေတွေခေါ်လိုက် ဟို ဘက် ဒီဘက် ခေါ်လိုက် ကြားနာလိုက် ဒီလိုပဲသွားမှာလေ။ အကြောင်းကြားပြီးသွားပြီ။ သူတို့ကို ဆင့်ခေါ်ထားပြီးပြီ နှစ်ဖက်စလုံးပေါ့။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်အောင်၊ ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြိုနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော် နဲ့ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမင်းတို့ကို အဲဒီမဲဆန္ဒနယ်မြေတွေက ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ရဲ့ ကိုယ်စားလှယ်တွေက ကန့်ကွက်လွှာ တင်သွင်းထားတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် ၂ က ရွေးကောက် ပွဲအောင်နိုင်ခဲ့တဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးရှာမွေလရှဲန်ကို ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org