ဖဲကြိုးနီလှုပ်ရှားမှု လုပ်ခဲ့လို့ ဘားအံနည်းပညာကျောင်းအုပ် အဖမ်းခံရ
ကရင်ပြည်နယ်။ ဘားအံနည်းပညာအထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမ ဒေါက်တာဒေါ်ချိုယုမွန်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မနက်က ဖဲကြိုးနီလှုပ်ရှားမှု လုပ်ခဲ့လို့ ဆိုပြီး မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
- 2021-02-05
-
-
-
ကရင်ပြည်နယ်၊ ဘားအံနည်းပညာ အထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမ ဒေါက်တာဒေါ်ချိုယုမွန်။
Photo: Choyu mon/Facebook
ကရင်ပြည်နယ် ဘားအံနည်းပညာ အထက်တန်းကျောင်းက ကျောင်းအုပ်ဆရာမ ဒေါက်တာဒေါ်ချိုယုမွန်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မနက်က ဖဲကြိုးနီလှုပ်ရှားမှု လုပ်ခဲ့လို့ ဆိုပြီး မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ကော်မတီဥက္ကဋ္ဌက စစ်ဆေးမေးမြန်းချင်လို့ဆိုပြီး မြို့နယ်ရဲတပ်ဖွဲ့က ဒေါက်တာ ဒေါ်ချိုယုမွန် နေ့ခင်းအိမ်မှာရှိနေချိန် လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ဖဲကြိုးနီ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က သူ့ကို ပုဒ်မ ၅၀၅ ခနဲ့ တရားစွဲဆိုခဲ့ပြီး အာမခံမပေးဘဲ ဘားအံအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ ဘားအံနည်းပညာ အထက်တန်းကျောင်းက ဆရာနိုင်စိန်က RFA ကို အတည်ပြု ပြောဆိုခဲ့ပါတယ်။