မြစ်ကြီးနားမှာ လူငယ် ၇ ဦးကို အမည်မသိ လက်နက်ကိုင် ၅ ဦးက ဖမ်းဆီးခေါ်ဆောင်သွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြာရာပါတ္တီးရပ်ကွက် "အေ" မှာ မနေ့ညက သန်းခေါင်လောက်မှာ အမည်မသိ အရပ်ဝတ် နဲ့ လက်နက်ကိုင်ဆောင်ထားသူ ၅ယောက်လောက်က လူငယ်ခုနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရ ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြာရာပါတ္တီးရပ်ကွက် "အေ" မှာ မနေ့ညက သန်းခေါင်လောက်မှာ အမည်မသိ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားသူ ၅ယောက်လောက်က လူငယ်ခုနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့သူတွေဟာ အသက် ၁၆ နှစ်နဲ့ ၂၂ နှစ်ကြား အရွယ်တွေဖြစ်တယ်လို့ ကြာရာပါတ္တီးရပ်ကွက် "အေ "ရဲ့ နယ်မြေမှူး ဦးနာဋ္ဌေဖုန်ဆားရ်က ပြောပြပါတယ်။

"အမျိုးသား ၄ ယောက် အမျိုးသမီးက ၃ ယောက်ပေါ့၊ ၁၆ နှစ် ၁၇ နှစ်အရွယ်တွေပါတယ်၊ ၁၉ နှစ် ၂၂ နှစ် အရွယ်တွေပါတယ်၊ တချို့ကျတော့ လမ်းမှာပြန်လာတဲ့သူတွေကို တားပြီးမှခေါ်သွားတယ်၊ တချို့ကျတော့ အိမ်ကိုတက်ပြီးတော့မှ အဓမ္မခေါ်သွားတယ်လို့ အဲ့လို ကျနော်ကြားသိရတယ်"


အဖမ်းခံရတဲ့ လူငယ် ၇ ဦးဟာ ရဝမ်၊ ဂျိန်းဖော၊ လာချိတ်စတဲ့ ကချင်မျိုးနွယ်စု တိုင်းရင်းသားတွေဖြစ်ပြီး အဲ့ဒီထဲကတစ်ချို့ဟာ သူတို့ရဲ့နေအိမ်ကနေ ဝင်ရောက်အဖမ်းခံခဲ့ရသလို တချို့က ဝတ်ပြုဆုတောင်းပွဲက အပြန်လမ်းမှာ ဖမ်းဆီးခံရတာလို့သိရပါတယ်။

ဖမ်းဆီးသွားတဲ့ အရပ်ဝတ်နဲ့ လက်နက်ကိုင်တွေဟာ ယူနီဖောင်း ဝတ်ဆင်ထားခြင်းမရှိတဲ့အတွက် ဘယ်အဖွဲ့ကလည်းဆိုတာကို အတိအကျ မပြောနိုင်သေးကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်က RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org