မူးယစ်ဆေးဝါး မှုခင်းများ နှိမ်နင်းရေး ကုလစာချုပ် မြန်မာလက်မှတ်ထိုး

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက် တဲ့ ရာဇဝတ်မှုခင်းတွေ နှိမ်နင်း ပပျောက်ရေး အတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးအဖွဲ့ UNODC က ရေးဆွဲတင်ပြထားတဲ့ အဆိုပြု ချက်ကို ဒီနေ့ နှစ်ဖက်ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ ဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အဝေရာကုန်း သာယာမီးပုံပျံကွင်းတွင် အမေရိကန်ဒေါ်လာ ၆၄ သန်းကျော် တန်ဖိုးရှိ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများကို မီးရှိူ့ဖျက်ဆီးနေစဉ်။ photo: RFA/ Kyaw Myo Tun

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုခင်းတွေ နှိမ်နင်းပပျောက်ရေးအတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့  UNODC က  ရေးဆွဲတင်ပြထားတဲ့ အဆိုပြုချက်ကို ဒီနေ့ နှစ်ဖက်ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့က  ကြည့်ရှု အတည်ပြုပြီးတဲ့နောက် ၂၀၁၇ ခုနှစ်အထိ သက်တမ်း ရှိမယ့် အဲဒီအဆိုပြုချက်ကို  UNODC ကိုယ်စားလှယ်နဲ့  စီမံကိန်းဝန်ကြီးဌာန ကိုယ်စားလှယ်တို့က လက်မှတ် ထိုးခဲ့ကြတာပါ။

မူးယစ်ဆေး ထုတ်လုပ်ဖြန့်ဖြူးသူတွေဟာ ပြည်တွင်းက သူတို့ရဲ့ မူးယစ်ဆေးတွေကို  လုံခြုံမှုနည်းပါးတဲ့ နယ်စပ်ဒေသတွေကနေ  ပြည်ပကိုတင်ပို့ပြီး မူးယစ်ဆေးထုတ်ထုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဓါတုဆေးတွေကို ပြည်ပကပြန်ပြီး တင်သွင်းလာကြ တယ်လို့ ဆိုပါတယ်။

သူတို့တွေရဲ့လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းကို ခြိမ်းခြောက်နေကြောင်း၊ ဒီမူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုကို  ထိထိရောက်ရောက် ဟန့်တားတိုက်ဖျက်နိုင်အောင်၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရရှိအောင်  ညှိနှိုင်းပေးသွားမှာဖြစ်ကြောင်း  အရှေ့တောင်အာရှဒေသဆိုင်ရာ UNODC ကိုယ်စားလှယ် Mr Jeremy Douglas က ပြောပါတယ်။

မြန်မာနိုင်ငံက မူးယစ်ဆေး ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ ဆယ်နှစ်ကာလအတွင်း အမြင့်ဆုံးစံချိန်အဖြစ်  အရင်နှစ်က တန်ချိန် ၈၇၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org