FFM အစီရင်ခံစာကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးတော့မည်

မြန်မာ့တပ်မတော်က တာဝန်ရှိသူတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ကုလသမဂ္ဂအချက်အလက် ရှာဖွေစုံစမ်းရေး မစ်ရှင်အဖွဲ့ FFM အစီရင်ခံစာကို လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပမယ့် လုံခြုံရေးကောင်စီ အစည်း အဝေးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

၂၀၁၈ သြဂုတ်လ ၂၈ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပနေစဉ် Photo: DOMINICK REUTER / AFP

မြန်မာ့တပ်မတော်က တာဝန်ရှိသူတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ကုလသမဂ္ဂအချက်အလက် ရှာဖွေစုံစမ်းရေး မစ်ရှင်အဖွဲ့ FFM အစီရင်ခံစာကို လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပမယ့် လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို မဆွေးနွေးဖို့ မြန်မာနိုင်ငံဘက်က ကန့်ကွက်ခဲ့ပေမယ့် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံ ထဲက ၉ နိုင်ငံက ထောက်ခံခဲ့တာမို့ ဆွေးနွေးဖို့ ဖြစ်လာခဲ့ပါတယ်။

အဲဒီအစီရင်ခံစာကို ဆွေးနွေးတဲ့အခါ ဆုံးဖြတ်ချက် တစ်စုံတရာကျခဲ့ရင် လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံကို ဖိအားပေးတဲ့ သဘောဖြစ်တာကြောင့် ဆုံးဖြတ်ချက် မချနိုင်အောင် မြန်မာနိုင်ငံအနေနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ကပြောပါတယ်။

FFM ရဲ့ အစီရင်ခံစာမှာ မြန်မာ့တပ်မတော်အနေနဲ့ စစ်ဆင်ရေးအဖြစ် အမျိုးသမီး၊ ကလေးငယ်တွေနဲ့ အရပ်သားတွေ ကို ပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာအမျိုးသမီးနဲ့ ကလေးငယ်တွေကို မခွဲခြားဘဲ သတ်ဖြတ်ခဲ့တာဟာ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

အဲဒီအစီရင်ခံစာကို ဆွေးနွေးဖို့ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန် အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံက တောင်းဆိုခဲ့တာဖြစ်ပြီး တရုတ်နဲ့ ရှရှားကတော့ လူ့အခွင့်အရေးဆိုင်ရာ တတိယကော်မတီအဖွဲ့နဲ့သာ ဦးစွာ အရေးယူဆောင်ရွက်သင့်တယ်လို့ သဘောထားရှိခဲ့တယ်လို့ သိရပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org