ဦးဥတ္တမနေ့ အိုင်အိုဝါမှာ ကျင်းပ
၇၆ နှစ်မြောက်ကျရောက်တဲ့ ဦးဥတ္တမနေ့ကို အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှာ ရခိုင်အမျိုးသားများကြီးမှူးပြီး မနေ့က ကျင်းပ ရာမှာ အခမ်းအနားကို လူ ၄ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။
-
2015-09-05 -
-
-
၇၆ နှစ်မြောက်ကျရောက်တဲ့ ဦးဥတ္တမနေ့ကို အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှာ ရခိုင်အမျိုးသားများကြီးမှူးပြီး မနေ့က ကျင်းပရာမှာ အခမ်းအနားကို လူ ၄ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။
အိုင်အိုဝါပြည်နယ်မှာ ဦးဥတ္တမနေ့ကို နှစ်စဉ်ကျင်းပခဲ့တာမှာ ပြည်နယ်အတွင်းရှိ ရခိုင်မိသားစုတွေ တက်ရောက်ခဲ့ တာဖြစ်ပါတယ်။ အိုင်အိုဝါပြည်နယ် ရခိုင်ဗုဒ္ဓဘာသာအဖွဲ့ ဥက္ကဌ ဦးသာပွင့်က ပြောပြပါတယ်။
"ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုတဲ့အခမ်းအနားနဲ့အတူ ကျနော်တို့ အခမ်းအနားပြီးတာနဲ့ ကျနော်တို့ရဲ့ ပျော်ပွဲ ရွှင်ပွဲအဖြစ် ဘောလီဘောတွေ၊ ပိုက်ကျော်ခြင်းတွေ၊ မြန်မာရိုးရာကစားနည်း ထုပ်ဆီးတိုးကစားနည်း ကစားတာတို့ ကျနော်တို့ တည့်သွင်းပြီးတော့ ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုပွဲလုပ်နေပါတယ်ခင်ဗျ၊ လူပေါင်း အင်အားစုစုပေါင်း အကုန်လုံး ၄ဝဝ နီးပါးလောက်ရောက်ပါတယ်"
အခမ်းအနားကို မနက်ပိုင်း ၁ဝ နာရီကျော်က စတင်တာဖြစ်ပြီး ဆရာတော်ဦးဥတ္တမရဲ့ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမူတွေအကြောင်း ဟောပြောပွဲအပြင် ဆရာတော်ရဲ့ အထ္ထုပတိစာတမ်းများ စတာတွေကို ဖတ်ကြား ခဲ့ပါတယ်။ အလားတူ အခမ်းအနားကို တခြားသော တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးမှလည်း သဝဏ်လွှာ များ ပေးပို့ခဲ့ပါတယ်။
ဆရာတော်ဦးဥတ္တမဟာ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းတွေကို နိုင်ငံအနှံ့ဆောင်ရွက် ဟောပြောခဲ့သလို သူရိယ သတင်းစာမှာလည်း အမျိုးသားစိတ်ဓါတ်နိုးကြားရေး ဆောင်းပါးများရေးသားခဲ့ပါတယ်။ ဆရာတော်ဟာ YMBA အသင်းကြီးရဲ့ လှုပ်ရှားမူတွေမှာ ပါဝင်ခဲ့သလို အင်္ဂလိပ်စိုးရရဲ့ ဖမ်းဆီးထောင်ချတာကိုလည်း ခံခဲ့ရပါတယ်။ ဆရာတော်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် မြန်မာနိုင်ငံတွင်းမှာသာမက အိန္ဒိယနိုင်ငံမှာပါ အိန္ဒိယ ကွန်ကရက်အဖွဲ့ကြီးနဲ့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ပါတယ်။ ဆရာတော်ဟာ ၁၉၃၉ ခုနှစ်မှာ ပျံလွန်ခဲ့တာဖြစ်ပါတယ်။