ဦးဥတ္တမ ပျံလွန်တော်မူခြင်း ၇၅ နှစ်မြောက် အခမ်းအနားတွေ ကျင်းပ

ဒီကနေ့မှာ ကျရောက်တဲ့ မြန်မာ့ လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်း ခဲ့သူ ဆရာတော် အရှင် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၅ နှစ်မြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်း အနားတွေကို ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်နေရာအနှံ့မှာ ကျင်းပခဲ့ပါတယ်။

ဆရာတော် အရှင် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၅ နှစ်မြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားတွေကို စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ MCC ခန်းမမှာ ကျင်းပစဉ် Photo: Min Thine Aung ,Sann Maw Aung /RFA

ဒီကနေ့မှာ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သူ ဆရာတော် အရှင် ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၅ နှစ်မြောက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်နေရာအနှံ့မှာ ကျင်းပခဲ့ပါတယ်။

ရန်ကုန်မြို့ MCC ခန်းမမှာ ကျင်းပတဲ့ အခမ်းအနား နဲ့ပတ်သက်ပြီး ပွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဌ ဦးဖေသိန်းက အခုလိုပြောပါတယ်။

"အဓိက ဒီပွဲကဘာလဲဆိုတော့ ၇၅ နှစ်မြောက် ဦးဥတ္တမနေ့ကို ဆရာတော်တော်ဘုရားကြီး ရဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ကမ္ဘာ့ လွတ်လပ်ရေး အာရှနေဝန်းအဆင့်အထိ ဆောင် ရွက်ခဲ့တာလေးတွေကို ဒီဂုဏ်ကျေးဇူးတွေကို ပိုပြီးတော့ တန်ဖိုးထားပြီးတော့ပေါ့နော်၊ လူကြီးတွေပါ သတိအမှတ်တရ ရအောင်ရယ် ကိစ္စတွေပါတယ်"

အရင်က ဆရာတော်အရှင်ဦးဥတ္တမ ရုပ်တုတည်ထားခဲ့တဲ့ ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံကို ဆရာတော် အရှင်ဦးဥတ္တမပန်းခြံအဖြစ် အမည်ပြောင်းလဲပေးဖို့အတွက် ဒီကနေ့ ရန်ကုန်မြို့က အခမ်းအနားမှာ ပွဲကျင်းပရေးကော်မတီက တောင်းဆိုခဲ့ပါတယ်။

ဆရာတော် အရှင်ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၇၅ နှစ်မြောက် အထိမ်းအမှတ်ပွဲတွေကို ရခိုင်ပြည်နယ် နေရာအနှံ့မှာ  နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေဦးဆောင်ပြီး လွမ်းသူ့ ပန်းခွေချတာတွေ ၊ ဟောပြောပွဲတွေ ကျင်းပခဲ့တယ်လို့လည်း သိရပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး RFA သတင်းထောက် မစန်းမော်အောင် တင်ပြပေးပါမယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org