ကျောက်မီးသွေး စီမံကိန်းနယ်မြေမှ ဒေသခံများ ဖယ်ရှားခိုင်း
တနင်္သာရီမြို့နယ် မောတောင်နယ်စပ် ဂိတ်အနီးက နှုံးပွားကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းထဲက အိမ်ခြေ ၁၀၀ လောက်ကို ဒီလကုန်နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့ စီမံကိန်း အကောင်အထည်ဖော်တဲ့ မြန်မာ့စီပွားရေးကော်ပိုရေးရှင်း ဦးပိုင်လီမိတက်က ညွှန်ကြားထားပါတယ်။
-
2014-12-08 -
-
-
တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်အနီး က နှုံးပွားကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းထဲက အိမ်ခြေ ၁၀၀ လောက်ကို ဒီလကုန်နောက်ဆုံးထား ပြီး ပြောင်းရွှေ့ပေးဖို့ စီမံကိန်းအကောင်အထည်ဖော် တဲ့ မြန်မာ့စီပွားရေးကော်ပိုရေးရှင်း ဦးပိုင်လီမိတက်က ညွှန်ကြားထားပါတယ်။
ထိုင်းနယ်စပ်မှာ အလုပ်အဆင်မပြေလို့ ပြန်လာတဲ့ သူတွေက စီမံကိန်းဧရိယာထဲမှာ ခြံစိုက်ပြီး လုပ်ကိုင်စားသောက်နေကြတာဖြစ်တယ်လို့ လက်ရှိနေထိုင်နေသူ ကိုကျော်စိုးမိုးက ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်ကနေ ပြန်လာတဲ့ အလုပ်သမားတွေစုပေါင်းပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်က အဲဒီစီမံကိန်းထဲမှာ အမှတ် ၈ ကျေးရွာနာမည်နဲ့ အိမ်ခြေတစ်ရာလောက်ရှိတဲ့ ကျေးရွာတည်ပြီး လူဦးရေ ၃၀၀ နီးပါးလောက် နေထိုင်နေကြတာဖြစ်ပါတယ်။ အဲဒီနှုံးပွားကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းကို မြန်မာ့စီပွားရေးကော်ပိုရေးရှင်း ဦးပိုင်လီမိတက်က လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်က စတင်တူးဖော်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ရပ်နားခဲ့တာဖြစ်ပါတယ်။
ရပ်နားခဲ့တဲ့ စီမံကိန်းကို ပြန်လည်လုပ်ကိုင်မှာဖြစ်တာကြောင့် အိမ်ခြေတွေနဲ့ ဥယျာဉ်ခြံမြေတွေကို ဒီလကုန်မှာ အပြီးဖယ်ပေးဖို့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဦးပိုင်လီမိတက်က စာပို့အကြောင်းကြားတာဖြစ်တယ်လို့ သိရပါတယ်။