ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး ကျင်းပ

အစိုးရ၊ အပစ်ရပ်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီ ကိုယ်စား လှယ်တွေ ပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီနေ့ စတင်ကျင်းပပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်ရှိ Horizon Lake View Hotel မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ကကျင်းပစဉ် Photo:Myo Thant Khaing/RFA
အစိုးရ၊ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပြည်ထောင် စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဒီနေ့ စတင်ကျင်းပပါတယ်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် အတည်ပြုပြီးတဲ့အခါ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ကျင်းပနိုင်ဖို့အတွက် အစုအဖွဲ့အသီးသီးက တာဝန်ခံခေါင်းဆောင် ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစည်းအဝေးမှာ ပြောပါတယ်။

"နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် အတည်ပြုပြီးတဲ့အခါမှာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ဖို့ အစုအဖွဲ့အသီးသီးက တာဝန်ခံခေါင်းဆောင် ကိုယ်စားလှယ်များရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အနာဂတ်မြန်မာနိုင်ငံအတွက် များစွာအရေးကြီးကြောင်း ထပ်လောင်းတင်ပြအပ်ပါတယ်၊ အခုကျန်ရှိနေတဲ့ ကိုယ်စားလှယ်အချိုးအစားနဲ့ တခြားဖိတ်ကြားသင့်တဲ့ ကိုယ်စားလှယ်များကိစ္စကို အတည်ပြုနိုင်ဖို့ အရေးကြီးပါတယ်"

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်မယ့် အစုအဖွဲ့ ကိုယ်စားလှယ် အရေအတွက်နဲ့ ပတ်သက်ပြီး ပါတီတွေအကြား အငြင်းပွားနေတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီညီလာခံမှာ တက်ရောက်မယ့် အစုအဖွဲ့ ကိုယ်စားလှယ် အရေအတွက်ဟာ တပ်မတော်ဘက်က ချမှတ်တဲ့ အဆိုပြုချက်ဖြစ်ပြီး အဲဒီအဆိုပြုချက်အပေါ် ဒီနေ့ အစည်းအဝေးမှာ အကျေအလည် ဆွေးနွေးပြီးနောက် သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

တက်ရောက်မယ့် ကိုယ်စားလှယ်အရေအတွက်နဲ့ ဘယ်သူတွေ တက်ရောက်မယ်ဆိုတာကို မပြောနိုင်သေးကြောင်း အစည်းအဝေးတက်ရောက်သူတွေက ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးအကြောင်း RFA သတင်းထောက် ကိုမျိုးသန့်ခိုင် ပေးပို့ပြီး မသင်းသီရိ က တင်ပြမှာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org