အိန္ဒိယနိုင်ငံသားတွေ ရခိုင်ကနေထွက်ခွာဖို့နဲ့ အသွားအလာမလုပ်ဖို့ အိန္ဒိယအစိုးရတိုက်တွန်း
လုံခြုံရေးအခြေအနေ ယိုယွင်းလာတဲ့ ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း India Today က ဖော်ပြပါတယ်။
-
RFA Burmese
2024-02-07 -
-
-
လုံခြုံရေးအခြေအနေ ယိုယွင်းလာတဲ့ ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း India Today က ဖေဖော်ဝါရီ ၇ ရက်ဒီနေ့ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံသားတွေ ရခိုင်ပြည်နယ်ကို ခရီးမသွားဖို့လည်း တိုက်တွန်းထားတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အခြေအနေယိုယွင်းလာတာကိုစိုးရိမ်ပြီး အိန္ဒိယနိုင်ငံအတွက်လည်း တိုက်ရိုက်ရိုက်ခတ်မှုရှိတယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြောကြားခဲ့ကြောင်း India Today ကဖော်ပြပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရမ်းဗြဲ၊ အမ်းနဲ့ မြေပုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ (AA) တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်နေတယ်လို့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီ ၆ ရက်နေ့ညမှာ သတင်းထုတ်ပြန်ထားပါတယ်။
RFA ကပြုစုထားတဲ့စာရင်းအရ ရခိုင်မှာတိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကနေ ဒီနေ့အထိ အရပ်သား ၁၁၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၅၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။