မြန်မာမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အမေရိကန် နဲ့ ဩစတြေးလျ တိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့‌ပြီးတဲ့နောက်၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး နိုင်ငံရေးအကျဉ်းသား တွေနဲ့ ထင်သလို ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ဩစတြေးလျ နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ ကျင်းခဲ့တဲ့ ၃၁ ကြိမ်မြောက် ဆွေးနွေးညှိနှိုင်းပွဲမှာ အမေရိကန်န်ိုင်ငံနှင့် ဩစတြေးလျနိုင်ငံမှ တာဝန်ရှိသူများကို ၂၀၂၁ စက်တင်ဘာ ၁၆ ရက်‌နေ့က တွေ့ရစဉ် Photo: AFP

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့‌ပြီးတဲ့နောက်၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး နိုင်ငံရေး အကျဉ်းသားတွေနဲ့ ထင်သလို ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ဩစတြေးလျ နိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinkenနဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအဖြစ်ရော အမျိုးသမီးရေးရာဝန်ကြီး အဖြစ်ပါ ပူးတွဲဆောင်ရွက်နေတဲ့ Marise Payne၊ ဩစတြေးလျကာကွယ်ရေးဝန်ကြီး Peter Dutton တို့ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီမှာ ကျင်းခဲ့တဲ့ ၃၁ ကြိမ်မြောက် ဆွေးနွေးညှိနှိုင်းပွဲမှာ တွေ့ဆုံခဲ့ကြစဉ်အတွင်း တိုက်တွန်းခဲ့တာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းဆီ အမြန်ဆုံး ပြန်လှည့်ပြီး၊ သက်ဆိုင်ရာ အဖွဲ့အစည်း တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်းစာနာကူညီရေးတွေ အမြန်ဆောင်ရွက်ဖို့လည်း တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသူတွေထဲမှာ ဩစတြေးလျ ပါမောက္ခ Sean Turnell နဲ့ အမေရိကန်သတင်းထောက် Danny Fenster တို့ ပါဝင်ပါတယ်။

ဒီအတွင်း အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်ရွေးချယ်မှုကို အားလုံးက ထောက်ခံ ခဲ့ကြပြီး မြန်မာအနေနဲ့ အာဆီယံရဲ့ အချက်ငါးချက်ပါ သဘောတူညီမှုနဲ့အညီ လိုက်နာဆောင်ရွက်ဖို့လည်း တွန်းအားပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org