အမေရိကန် ဘဏ္ဏာရေးဌာနက မြန်မာဘဏ် ၄ ခုနဲ့ ဆက်သွယ်လုပ်ကိုင်ခွင့်ပြု

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာရှိတဲ့ဘဏ် ၄ ခုနဲ့ ငွေကြေးကိစ္စတွေဆောင်ရွက်ဖို့ သောကြာနေ့က ခွင့်ပြုလိုက်ပါတယ်။ အမေရိကန် ဘဏ္ဏာရေးဌာနရဲ့ထုတ်ပြန်ချက်မှာ အမေရိကန် ကုမ္ပဏီတွေ၊ တသီးပုဂ္ဂလိကတွေ၊ ဘဏ္ဏာရေး အဖွဲ့အစည်းတွေအနေနဲ့ မြန်မာ့စီးပါွးရေးဘဏ်၊ မြန်မာရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်နဲ့ ဧရာဝတီဘဏ်တွေကို ဆက်သွယ်လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် ထိပ်တန်းစီပွါးရေး အမှုဆောင်အရာရှိ ၅ဝ ခန့်ပါဝင်တဲ့အဖွဲ့တခု မြန်မာနိုင်ငံကို လာမယ့်အပတ်အတွင်း သွားရောက်မယ်လု့ိ အမေရိကန် ကုန်သည်ကြီးများအသင်းက ကြေညာလိုက်ပါတယ်။

အဲဒီအဖွဲ့မှာ စိုက်ပျိုးရေးလုပ်ငန်း၊ မော်တော်ကားထုတ်လုပ်ရေး၊ အီလက်ထရွန်းနစ်လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းနဲ့ လက်လီလုပ်ငန်းရှင်တွေ ပါဝင်ပါလိမ့်မယ်။ အဲဒီအမေရိကန် လုပ်ငန်းရှင်တွေဟာ ရန်ကုန်မြို့မှာ ကျင်းပမယ့် ကုန်သွယ်မြုပ်နှံမှု ညီလာခံကို တက်ရောက်မှာဖြစ်ပြီး မြန်မာပြည်မှာ စီးပွားရေး လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေကို လေ့လာမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org