အမေရိကန် ဝါရင့်နိုင်ငံရေးသမား Bill Richardsonရဲ့ မြန်မာခရီးစဉ် ပြီးဆုံး
အမေရိကန် ဆီးနိတ်လွှတ်တော်အမတ်ဟောင်း၊ ကုလသမဂ္ဂသံအမတ်ဟောင်း နဲ့ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ Bill Richardson နဲ့ အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် မနေ့က ပြီးဆုံးခဲ့ပါတယ်။
- 2021-11-04
-
-
-
အမေရိကန် ဆီးနိတ်လွှတ်တော်အမတ်ဟောင်း၊ ကုလသမဂ္ဂသံအမတ်ဟောင်း နဲ့ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တဲ့ Bill Richardson နဲ့ အဖွဲ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် မနေ့က ပြီးဆုံးခဲ့ပါတယ်။
သူ့အနေနဲ့ မြန်မာပြည်သူတွေနဲ့ နှစ်ပေါင်း သုံးဆယ်နီးပါး ရင်းနှီးခင်မင်ခဲ့တဲ့ မိတ်ဆွေဖြစ်ပြီး မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဖိတ်ကြားချက်အရ ကိုဗစ် ၁၉ တိုက်ဖျက်ရေး အပါအဝင် လူသားချင်းစာနာကူညီမှုဆိုင်ရာ ပုဂ္ဂလိကခရီးစဉ်အဖြစ် လာရောက်ခဲ့တာဖြစ်ကြောင်း၊ မြန်မာပြည်သူ ၅၅ သန်းအနေနဲ့ လက်ရှိ နိုင်ငံရေး ပြဿနာတွေကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံခွင့် ဆုံးရှုံးရမှာ မဟုတ်ကြောင်းလည်းပြောပါတယ်။
ဒါ့ပြင် ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးဖြန့်ဖြူးရေးကို အရှိန်မြှင့်ပေးဖို့၊ ကိုဗစ် စတုတ္ထလှိုင်းဒဏ် လျော့ပါးသက်သာအောင် ကူညီဖို့ဖြစ်ကြောင်းလည်းပြောပါတယ်။
Bill Richardson ဟာ ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီဝန်ကြီးတွေ၊ အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ ဩစတေးလျ၊ ကနေဒါ၊ အိန္ဒိယ၊ ဂျပန် စတဲ့ သံအမတ်တွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။