မြန်မာအပါအဝင် ခြောက်နိုင်ငံကို အမေရိကန်နိုင်ငံ ဗီဇာပိတ်ပင်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာအပါအဝင် နိုင်ငံခြောက်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခွင့် ဗီဇာတွေ ပိတ်ပင်တော့မယ်လို့ အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီးဌာန ယာယီဝန်ကြီး Chad Wolf က သောကြာနေ့က ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီးဌာန ယာယီဝန်ကြီး Chad Wolf။ Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာအပါအဝင် နိုင်ငံခြောက်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခွင့် ဗီဇာတွေ ပိတ်ပင်တော့မယ်လို့ အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီးဌာန ယာယီဝန်ကြီး Chad Wolf က သောကြာနေ့က ပြောလိုက်ပါတယ်။

ရွှေ့ပြောင်းနေထိုင်ခွင့် ဗီဇာ (Immigrant Visa) ပိတ်ပင်ခံရတဲ့ နိုင်ငံတွေကတော့.. အီရီထရီးယား၊ ကာဂျစ္စတန်၊ မြန်မာနဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေ ဖြစ်ပါတယ်။ Diversity visa လို့ ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့် Green card ကံစမ်းမဲ ပိတ်ပင်ခံရတဲ့ နိုင်ငံတွေကတော့… ဆူဒန်နဲ့ တန်ဇန်းနီးယား နိုင်ငံတွေ ဖြစ်ပါတယ်။  ဒီနိုင်ငံတွေကို ရွေ့ပြောင်းနေထိုင်ခွင့် ဗီဇာအတွက် ပိတ်လိုက်ပေမယ့်၊ အလည်အပတ်နဲ့ ဆေးကုသခွင့် ဆိုင်ရာ ဗီဇာတွေကတော့ ပိတ်ပင်ထားတာ မရှိပါဘူး။

ဒီနိုင်ငံ ခြောက်နိုင်ငံဟာ အမေရိကန်နိုင်ငံကို  အကြမ်းဖက်မှုနဲ့ လုံခြုံရေးကိစ္စတွေအတွက် သူတို့ နိုင်ငံသားတွေနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ပေးအပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝန်ကြီး Chad Wolf က ပြောပါတယ်။

မြန်မာနိုင်ငံဟာ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်တယ်လို့ သံသယရှိခံရတဲ့  မြန်မာနိုင်ငံသားတွေရဲ့ သတင်းအချက်အလက်တွေကို အမေရိကန်နိုင်ငံကို ပေးအပ်ဖို့ ပျက်ကွယ်ခဲ့တယ်လို့လည်း ဝန်ကြီး Chad Wolf က ပြောပါတယ်။ ဒီနိုင်ငံတွေဟာ သူတို့ တတ်နိုင်သလောက် ကူညီဖို့ကြိုးစားခဲ့ကြပေမယ့် အကြောင်းအကြောင်းကြောင့် အမေရိကန်နိုင်ငံက ချမှတ်ထားတဲ့ အနိမ့်ဆုံး စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့လည်း ပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org