အမေရိကန်ကြက်ကြော် ရန်ကုန်မှာ ဖွင့်မည်
အမေရိကန်ပြည်ထောင်စုမှာ ထင်ရှားတဲ့ KFC ကြက်ကြော် မြန်မာနိုင်ငံမှာ ရောင်း ချတော့မယ်လို့ သိရပါတယ်။ KFC ကြက်ကြော်ဟာ အမေရိကန်မှာသာမက ကမ္ဘာတဝှမ်း က နိုင်ငံအတော်များများမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ရောင်း ချနေတာပါ။
-
2014-10-14 -
-
-
အမေရိကန်ပြည်ထောင်စုမှာ ထင်ရှားတဲ့ KFC ကြက်ကြော် မြန်မာနိုင်ငံမှာ ရောင်းချတော့မယ်လို့ သိရပါတယ်။ KFC ကြက်ကြော်ဟာ အမေရိကန်မှာသာမက ကမ္ဘာတဝှမ်းက နိုင်ငံအတော်များများမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ရောင်းချနေတာပါ။
မြန်မာနိုင်ငံမှာလည်း ရိုးမ ကုမ္ပဏီလိမိတက်က ဆိုင်ခွဲဖွင့်ခွင့်ရရှိထားပြီး၊ ရှေ့နှစ် ၂၀၁၅ မှာ ဖွင့်လှစ်ဖို့ စီစဉ်ပြင်ဆင်နေကြောင်း ရိုက်တာသတင်းကဖေါ်ပြပါတယ်။
BCG ခေါ် ဘော်စတွန် အခြေစိုက် ဈေးကွက်သုတေသနအဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် လေ့လာချက်အရ မြန်မာနိုင်ငံမှာ လူ ၁၀ ယောက်မှာ အများဆုံး ၄ ယောက်ဟာ စားသောက်ဆိုင်တွေမှာ မကြာခဏ စားသောက်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာလူဦးရေ သန်း ၅၀ မှာ လူလတ်တန်းစားဦးရေ တိုးတက်လာတာနဲ့အမျှ ရေရှည်မှာ KFC ကြက်ကြော်လုပ်ငန်း အကျိုးဖြစ်ထွန်းမယ့် အခွင့်အလမ်းရှိကြောင်း ရိုးမ ကုမ္ပဏီလိမိတက်က ပြောပါတယ်။
ရိုးမ ကုမ္ပဏီရဲ့ KFC ကြက်ကြော်ကို ရန်ကုန်မြို့မှာ ပထမဆုံး ဖွင့်လှစ်ရောင်းချမယ်လို့ သိရပါတယ်။
KFC ကြက်ကြော်ဆိုင်ကို ၁၉၅၂ ခုနှစ်မှာ စတင်ရောင်းချခဲ့ပြီး၊ အခုအခါ နိုင်ငံပေါင်း တစ်ရာကျော်မှာ ဆိုင်ခွဲပေါင်း နှစ်သောင်းနီးပါး ဖွင့်လှစ်ထားပါတယ်။