မြန်မာ့ လူ့အခွင့်အရေးအခြေအနေ အမေရိကန်လွှတ်တော်အမတ်များ စိုးရိမ်
မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေ အနေတွေကို စိုးရိမ်မကင်းဖြစ်ရတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အောက် လွှတ်တော် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒီမိုကရက်တစ် ပါတီက Joe Crowley နဲ့ ရီပတ်ပလင်ကင် ပါတီက Steve Chabot တို့ကဦးဆောင်ပြီး တနင်္ဂနွေနေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံခြားရေးဝန်ကြီး John Kerry ဆီ စာတစောင် ပေးပို့လိုက်ပါတယ်။
-
2015-11-07 -
-
-
မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အောက်လွှတ်တော် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒီမိုကရက်တစ်ပါတီက Joe Crowley နဲ့ ရီပတ်ပလင်ကင်ပါတီက Steve Chabot တို့ကဦးဆောင်ပြီး တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံခြားရေးဝန်ကြီး John Kerry ဆီ စာတစောင် ပေးပို့လိုက်ပါတယ်။
အဲ့ဒီ ပေးစာမှာ အခြေအနေတွေအရ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှာ မဟုတ်ကြောင်း၊ အခြေခံကျကျ ပြုပြင်ပြောင်းလဲရေးအတွက် စောစောပိုင်းက အခြေအနေကောင်းလာခဲ့ပြီးမှ နောက်ပိုင်းမှာ နဂိုအတိုင်းပြန်ဖြစ်လာတာ ဒါမှမဟုတ် ရှေ့မတိုးတော့တာတွေကိုလည်း သတိပြုမိကြောင်း၊ အပြောင်းအလဲဖြစ်နိုင်ဖွယ်ရှိတယ်ဆိုတာ ယုံကြည်ပေမဲ့ ရွေးကောက်ပွဲရလဒ်ဟာ ဘယ်အတိုင်းအတာထိ ဒီမိုကရေစီအပြောင်းအလဲ ဖြစ်မယ်ဆိုတာ အတော့်ကို သဲသဲကွဲကွဲ မသိနိုင်တဲ့အကြောင်း ဖေါ်ပြထားပါတယ် ။ နောက်လာမယ့် သီတင်းပတ်တွေ လတွေနဲ့ချီပြီး မြန်မာနိုင်ငံကို ရှေ့ဆက် အနီးကပ်စောင့်ကြည့်မယ်လို့ လည်း ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံဆက်ဆံရေး ရှေ့ဆက်တိုးတက်ရေးဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကို လေးစားလိုက်နာတဲ့ တကယ့်အပြောင်းအလဲပေါ် မူတည်သင့်တယ်လို့ ဆက်လက်ယုံကြည်ပါကြောင်း Joe Crowley နဲ့ Steve Chabot တို့ရဲ့ပေးစာမှာ ဖော်ပြထားပါတယ်။ ဒီစာမှာ အောက်လွှတ်တော် နိုင်ငံခြားရေး ရာကော်မတီ အဖွဲ့ဝင် Eliot Engel, အာရှပစိဖိတ် ကော်မတီခွဲ ဥက္ကဌ Matt Salmon နဲ့ တခြား အမတ်နှစ်ဦးတို့ လည်း ပါဝင်လက်မှတ် ရေးထိုးထားပါတယ်။