မွတ်စလင် ၁၉ ဖွဲ့ တရားစွဲဆိုမှု အမေရိကန်အစိုးရနဲ့ မသက်ဆိုင်ကြောင်း ပြောကြား

အမေရိကန်နိုင်ငံမှာ မွတ်စလင်အဖွဲ့အစည်း ၁၉ ခုက မြန်မာအစိုးရခေါင်းဆောင်တွေကို တရားစွဲဆိုထားတဲ့အမှုအတွက် နယူးယောက်တောင်ပိုင်း ခရိုင် တရားရုံးက သမ္မတဦးသိန်းစိန်ကို ဆင့်ခေါ်တဲ့ သမ္မာန် စာထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ တရားရုံးရဲ့လုပ်ရပ်ဟာ အမေရိကန်အစိုးရမူဝါဒနဲ့ သက်ဆိုင်မှုမရှိကြောင်း အမေရိ ကန်နိုင်ငံခြားရေးဌာနက မနေ့က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကို တွေ့ရစဉ် Photo: wikipedia

အမေရိကန်နိုင်ငံမှာ မွတ်စလင်အဖွဲ့အစည်း ၁၉ ခုက မြန်မာအစိုးရခေါင်းဆောင်တွေကို တရားစွဲဆိုထားတဲ့အမှု အတွက် နယူးယောက်တောင်ပိုင်းခရိုင် တရားရုံးက သမ္မတဦးသိန်းစိန်ကို ဆင့်ခေါ်တဲ့ သမ္မာန်စာထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ တရားရုံးရဲ့လုပ်ရပ်ဟာ အမေရိကန်အစိုးရမူဝါဒနဲ့ သက်ဆိုင်မှုမရှိကြောင်း အမေရိကန်နိုင်ငံခြားရေး ဌာနက မနေ့က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဌာနမှာပြုလုပ်တဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ဌာနပြောခွင့်ရပုဂ္ဂိုလ် John Kirby က အခုလို ပြောလိုက်တာဖြစ်ပြီး အမေရိကန်တရားစီရင်ရေးဌာနနဲ့ အမေရိကန်အစိုးရနဲ့ သီးခြားစီရပ်တည်တာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

“အမေရိကန် ဗဟိုတရားစီရင်ရေးစနစ်ဟာ အမေရိကန်အစိုးရနဲ့ သီးခြားစီရပ်တည် ဆောင်ရွက်တာဖြစ်တဲ့အတွက် အခုအမှုနဲ့ပတ်သက်လို့ ဆင့်ခေါ်ဆုံးဖြတ်မှုတွေဟာ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်အစိုးရမူဝါဒနဲ့ လုံးဝပတ် သက်တဲ့ ကိစ္စရပ်မဟုတ်ကြောင်း၊ အမေရိကန်အစိုးရအနေနဲ့ တရားရုံးအမှုတွေနဲ့ပတ်သက်လို့ မှတ်ချက်ပေးမှာလည်း မဟုတ်ကြောင်း၊ ဒီအမှုနဲ့ဆက်စပ်တဲ့ မေးခွန်းတွေကို တရားစွဲဆိုတဲ့ အဖွဲ့စည်းတွေကိုပဲ မေးမြန်းသင့်ကြောင်း” လည်း Mr. Kirby က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org