မြန်မာက နျူကလီးယား ကုန်ကြမ်းရောင်းချမှုနဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် တရားစွဲခံရ

နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ယူရေနီယံဒြပ်စင်တွေကို မြန်မာနိုင်ငံကနေ ကုန်သွယ်ဖို့ ကြိုးစားခဲ့တဲ့ ဂျပန် ယာကူဇာဂိုဏ်းခေါင်းဆောင် ကို အမေရိကန်က တရားစွဲလိုက်ပါတယ်။

နျူကလီးယားပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှုဖြင့် အမေရိကန်အစိုးရက တရားစွဲထားသည့် ယာကူဇာဂိုဏ်းခေါင်းဆောင် Takeshi Ebisawa ကို ဒုံးပစ်လောင်ချာတစ်လက် ကိုင်ဆောင်ထားစဉ် တွေ့ရပုံ။ U.S. ATTORNEY'S OFFICE FOR THE SOUTHERN DISTRICT OF NEW YORK/ Reuters.

နျူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့ ယူရေနီယံဒြပ်စင်တွေကို မြန်မာနိုင်ငံကနေ ကုန်သွယ်ရောင်းချဖို့ ကြိုးစားခဲ့တဲ့ ဂျပန် ယာကူဇာဂိုဏ်းခေါင်းဆောင် တာ‌ကေရှီ ‌အေဘီဆာဝါ (Takeshi Ebisawa) ကို အမေရိကန်အစိုးရက တရားစွဲလိုက်ပါတယ်။

မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုအတွက် လက်နက်ကုန်သွယ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တာ‌ကေရှီ ‌အေဘီဆာဝါကို မြန်မာနိုင်ငံထွက် နျူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့ တွေ ရောင်းချဖို့ကြိုးပမ်းမှုနဲ့ တရားစွဲလိုက်တာလို့ အမေရိကန်တရားရေးဌာန အမျိုးသားလုံခြုံရေးဌာနခွဲရဲ့ လက်ထောက်တရားသူကြီးချုပ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ အမည်ကိုတော့ တိတိကျကျ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။

ဂျပန်ယာကူဆာဂိုဏ်းခေါင်းဆောင်ဟာ ယူရေနီယံနဲ့ လက်နက်ထုတ်လုပ်နိုင်တဲ့ ပလူတိုနီယံတွေကို အီရန်နိုင်ငံကို‌ရောင်းချဖို့ ကြိုးပမ်းခဲ့တာလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးနဲ့လက်နက်မှောင်ခိုရောင်းဝယ်သူအဖြစ် အသွင်ယူထားတဲ့ လျှို့ဝှက်ထောက်လှမ်းရေးအရာရှိကို တာ‌ကေရှီ ‌အေဘီဆာဝါ  ပြသခဲ့တဲ့ ဓာတ်သတ္တုကုန်ကြမ်းတွေကို အမေရိကန်ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးနောက် ယူရေနီယံနဲ့ လက်နက်ထုတ်လုပ်နိုင်တဲ့ ပလူတိုနီယံတွေပါဝင်တယ်ဆိုတာကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အသက်ခြောက်ဆယ်အရွယ် တာ‌ကေရှီ ‌အေဘီဆာဝါနဲ့ အမှုတွဲမှာပါဝင်သူ အသက်ခြောက်ဆယ့်တစ်နှစ်အရွယ် ထိုင်းလူမျိုး ဆွန်ဖော့ ဆင်ဟာဆီရီ (Somphop Singhasiri) တို့ကို ၂၀၂၂ ခုနှစ် ဧပြီလက မူးယစ်ဆေးဝါးနဲ့ လက်နက် မှောင်ခိုရောင်းဝယ်မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အခုတစ်ခါ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ သိုရီယံဒြပ်စင် အရောင်းအဝယ်လုပ်မှုနဲ့ ပြင်ဆင်တရားစွဲလိုက်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org